လူတူ သစ်ပင်


လူတိုင်းလူတိုင်း ကြောက်စိတ်ရွံစိတ်လေးတော့ ကိန်းဝယ်နေကြမှာ ပါပဲ။လူအမျိုးမျိုး စိတ်အထွေထွေ မိတစ်ထောင်ကဖွား မတစ်ထောင်သားတွေ ဆိုတော့လဲ အခန်းအကန့် တော့ ဘယ်တူကြပါ့မလဲနော့်။ဇာချဲ့ ပြီး ခိုင်းနှိုင်းဖွဲ့ ဆို ပြနေလို့ လဲ ထပ်တူကျနိုင်မှာ မဟုတ်ပါဘူး။ကျွန်တော်ကတော့ သင်္ဘောသားဖြစ်သွားရမှာ အသေကြောက်တယ်။သင်္ဘောသားဆိုလို့  လူ့ အကျိုးပြု ကုန်သွယ်ကူးသန်း လူနေမှုအဆင့်တန်းဖွံ့ ဖြိုးအောင် ပံ့ပိုးနေကြ တဲ့ မစ္စတာကပ္ပတိန်တွေကို မဆိုလို ပါဘူး။မစော်ကားရဲပါဘူးဗျာ။တစ်ခါတစ်လေတော့လဲ ကိုယ့်အယူအဆ မှန်နေတိုင်း ပြောချင်ရာစွတ်ပြောမိလို့ တစ်ပါးသူကို ထိခိုက်နာကျင်ခံခက်စေတယ် မဟုတ်လား။
ကျွန်တော့်အသိ အစ်ကိုကိုမောင်မောင် တစ်ယောက်ရှိတယ်။မှောင်ခိုခေတ် ကာလလေး ကပေါ့။ကြီးပွားချမ်းသားရမယ်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်နောက်ကိုယ်ပါ ခံယူချက်နဲ့  မြို့ ပေါ်တက် အဆောင်ငှားနေပြီး ကုန်ကယ်ရီသယ်ပို့ ခဲ့တယ်။အဆောင်ဆိုတော့ ဘာသာအမျိုးမျိုး လူမျိုးပေါင်းစုံ နေကြတာပေါ့။ကယ်ရီအလုပ်မပေါ်တဲ့ နေ့ တွေဆို အဆောင်ရှေ့ ဗန်ဒါပင်ကြီးအရိပ်အောက်က သစ်သားကွပ်ပျစ်အပေါ်ကွမ်းစားဆေးသောက် သတင်းတွေရော အတင်းတွေပြော လူစုံအရောင်စုံလို့ ဆိုပဲ။
အဲဒီစကားဝိုင်းမှာ မကြာခင်ကမှ ခရစ်ယာန်ဘာသာဆီ ကူးပြောင်းသွားတဲ့ ကိုကွန်းကလေးဆိုသူ ပုဂ္ဂိုလ်လဲ သူ့ ဘာသာအကြောင်း အော်ကျယ်ကျယ်လေး ပြန့် လွင့်လို့ ဆိုပဲ။လူကြီးပိုင်းတွေကတော့ ဘာသာရေးအတိုက်ခံ မဖြစ်ချင်ကြပုံရပါတယ် ခပ်မဆိတ်လေး သက်ငြိမ်လို့ ။တစ်နေ့ တစ်နေ့  သူ့ ဘာသာဘယ်သို့ ညာ ကောင်းပုံကောင်းကွက်ကိုချည်း ဆွေးနွေးအော်ချက်လုပ်နေတာကို အသိကိုမောင်မောင် နားညိမခံနိင်တော့ဘူးတဲ့။တစ်ရက်တော့ ဘေးအခန်းက ဆယ်ကျော်သက်မလေးတွေကို သူ့ ဘုရားကျောင်းတက်ရင် ပျော်စရကောင်းပုံ သူ့ ဘာသာထဲ ဝင်ရောက်ရန် ကရားရည်လွတ် ဆွယ်တရားဟော နေတာကို ကြားရတဲ့ ကိုမောင်မောင် ဒီလူ့ ကို ငါချွတ်မှ ဆိုပြီး(ခွီး..ခွီး.ဆရာကြီးလေသံနဲ့  နည်းနည်းများ ပိုပြီးထင်)''
ဟေ့လူ ကိုကွန်းကလေး ခင်ဗျားက ခရစ်ယာန်ဘာသာပဲ အကောင်းဆုံးဖြစ်ပြောနေလှချေလား။
ခင်ဗျားမိဘက ဘယ်ဘာသာကို ကိုးကွယ်တာလဲ။ခင်ဗျားရော ဒီဘာသာဆီ ဘယ်တုန်းကစဝင်သွားတာလဲ။“ကိုကွန်းကလေးဆိုတဲ့ ပုဂ္ဂိုလ်က မျက်လုံးလေး ဝဲတည်ဝဲတည်နဲ့ 
“ဒါကျုပ်ရဲ့  မွေးရာပါ ပါရမီလို လေးလေးနက်နက် သက်ဝင်ယုံကြည်ထားတယ်။ဒါဆို ကျုပ်မေးတဲ့ မေးခွန်းတစ်ခုသာ ဖြေပေးနိုင်ခဲ့ ရင် အရမ်းကောင်းနေပါတယ်ဆိုတဲ့ ခင်ဗျား ဘာသာထဲ
ကျုပ်ရာသက်ပန် ဝင်လိုက်မယ်။“စာအုပ်စုံ ဖတ်လေ့ရှိတဲ့ ကိုမောင်မောင့် စိတ်တွေ အထွတ်ရောက် သွားတယ်။“ဟ.. ရတာပေါ့။ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး သို့ ''ဆိုသလို ကျမ်းစာ တစ်အုပ်လုံး ကျေပြီးသား..မေးစမ်း။အေးမေးမယ်.. ခင်ဗျားတို့  ယေရှူခရစ်တော် ....၁၃နှစ်.......၃၀......?။အာ...ဒါတော့ ကျုပ်မဖြေတတ်ဘူး။(ဘာသာရေး အနိုင်ရလိုမှု ဖြစ်နိုင်သဖြင့် ကိုမောင်မောင် မေးခွန်းကို မရေးတော့ ပါ။)ဘုရားကျောင်း လိုက်ခဲ့လေ ကျုပ်father ဖြေနိုင်လိမ့်မယ်။''ပုပ်ရဟန်းကြီးနဲ့ သွားတွေ့ မယ်တဲ့။ကိုမောင်မောင် ကောင်မလေးတွေ ရှေ့ မို့  နေလို့ မရတော့။အို... ငါမေးတာက အမှန်ဖြစ်ရပ်တွေပဲ ဘာမှကြောက်စရာမလိုဘူး လို့ တွေးပြီ “လာ..အခု သွားကြသာပေါ့''ဆိုတယ်။

“လာကြ...သားတို့  နေပူကြီးထဲက နေလာကြကုန်တာပဲ..ထိုင်ကြ ထိုင်ကြ။ဇီးဖျော်ရည်လေးလဲ သောက်လိုက်ကြအုံးကွယ့်''။fatherကြီးက သိမ်မွေ့ လှတဲ့ အပြုံးနဲ့ ဆီးကြိုနေသလောက် အားကိုးရှိတဲ့ ကိုကွန်းကလေးရဲ့  မျက်နှာက စစ်နိုင် ဘုရင်တစ်ပါး မျက်နှာပေါက်နဲ့ “father ဒီလူမေးတဲ့ မေးခွန်းကို ဖြေပေးနိုင်ရင်း ဒီဘာသာဝင် အဖြစ် ခံယူပါ့ မယ်တဲ့။သူနားလည် ကင်းရှင်းအောင်သာ ဖြေကြားပေးလိုက်ပါဗျာ''။အင်း ဘာမရှင်းတာတွေ မေးကြမှာတုန်း?။ဒီလိုပါ father ခရစ်တော် မပေါ်ခင် သခင်ယေရှူ အသက် ၁၃နှစ်......၃၀ကြား...?။ကိုမောင်မောင်ရဲ့  အမေးလေးက လူငယ်တစ်ယောက်လို ပြတ်သားလှပါတယ်။
''သားတို့  ကောက်ညှင်းကျည်တောက်နဲ့ ငါးခြောက်ဆီဆမ်းလဲ စားကြအုံး''ဆိုပြီး ထိုမေးခွန်းကို အဖြူ အမည်း မပြောပဲ စကားလမ်းလွဲ လိုက်ပါတယ်တဲ့။အနိုင်လို ချင်နေတဲ့ ကိုကွန်းကလေး မခံမရပ်ပဲ ''father သူ့ မေးခွန်းကို ဖြေပေးပါအုံး။မေးခွန်းက တိုပေမယ့် ရှင်းရမှာ ရှည်လှတယ်။ သူသိပြီးဒါ ဖြစ်မှာပါ လို့  father ကပြန်ဖြေပြီး သားမောင်မောင် အားတဲ့တစ်ရက် ကျောင်းလာခဲ့အုံး father ဝတ်ပြုလိုက်အုံးမယ်''ဆိုပြီး နှုတ်ဆက်သွားတယ်။ဒီနောက် ငါလဲ မသွားဖြစ်တော့ပါဘူးကွာ။father ကို မျက်နှာပူလို့ သွားလဲ မသွားချင်တော့ပါဘူး။ကွန်းကလေးကို နှက်ချင်လို့ သာ ငါfather နဲ့ သွားတွေ့ တာ စော်ကားလိုတဲ့ စိတ် မထား ထားတာတော့ အမှန်ပါညီ။သူတော်ကောင်းကို စော်ကားမိစေသလားကွာ။သူတပါးကို မထိခိုက် စိတ်ထားစင်စင်ကြယ်ကြယ် ကျင့်ကြံ နေထိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပါပဲလေ။ကိုဖြိုး ဘယ်ဘာသာပဲ ဖြစ်ဖြစ် စိတ်ကောင်း မထားတတ်ရင် အလကားပဲ မဟုတ်လား။စိတ်ကောင်းရှိတဲ့ father မို့ ပေါ့ အခြားသူဆို မောင်းထုတ်ခံလိုက်ရပြီး။မစော်ကားပေမယ့် ကျောင်းပေါ်တက် ပျော့ကွက်နင်းလိုက်တာကိုး။
''တော်ပါပြီး ..တစ်ခါဆို ဆိုသလောက် မှတ်သားလိုက်ပြီး။နောက်ဆို ဘာဖြစ်ဖြစ် သည်းခံလိုက်အောင် ကြိုးစားတော့မယ်။လောကကြီးက သူ့ အတိုင်း သွားနေတာပါပဲ။မှန်နေပေမယ့် အကျိုးမရှိတဲ့ အလုပ် မလုပ်မိပါစေနဲ့ ညီ။အကျိုးမရှိတာ မတွေးမိစေနဲ့ နော်။သဘာဝမကျ တာတွေ တွေ့ မယ်မြင်မယ် ဆိုလဲ ငါ့လို ဝင်မတိုးမိ ပါစေနဲ့ ကွာ''တဲ့ ။
ဟုတ်ပါ့ ကိုမောင်မောင် ရေ.....ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ကျွန်တော့်ထက် စာဖတ်အား ကောင်းပြီး အတွေးအခေါ်လဲ ကောင်းလှတယ်။လေးစားလောက်ပေမယ့်လို့ တစ်ခါတစ်ခါ တစ်ဖက်စွန်းရောက်လွန်းတယ်။သူကျွန်တော့်ကို ဆွေးနွေးဘူးတယ် သိလား။မိဘတိုင်းက သားသမီးကို ချစ်ကြတာ မဟုတ်ပါဘူး.. တို့ သားသမီးကလဲ မိဘကို ချစ်ကြတာပါပဲ။ဒီစကားကို ကျွန်တော် လက်ခံပါတယ်..ဒါပေမယ့် သူ့ ဒဿနတွေက ဆွေးနွေးရင်း တဖြည်းဖြည်း လမ်းလွဲလာတော့တယ်။
ကိုဖြိုး မင်းစဉ်းစားကြည့် ပါ...''သားအဖ နှစ်ယောက် လှေကားထောင်ပြီး သံရိုက်တယ်ဆိုပါစို့ ..အဖေက လှေကားပေါ်မှာ တူလေးကိုင် သံတက်ရိုက်မယ်။သားက လှေကားရင်းမှာ လှေကားငြိမ်အောင် ထိန်းရင်းနဲ့ အရိုးကျွတ်ထွက်လာတဲ့ သံရိုက်မယ့်တူ သားခေါင်းအပေါ်ကျလာတော့ ။အဖေက ပြေးဆင်းလာပြီး ဖွ..ဖွ.. ဥုံဖွ... မနာပါဘူး သားရယ်..ဥုံဖွ..ဥုံဖွ ပေါ့ ။အဲ..သားက အပေါ်သံတက်ရိုက် အဖေက လှေကားရင်း နေရင်း တူကျွတ်ကျလာရင်တော့ မင်းသိပါတယ် ဘာဖြစ်မလဲ ဆိုတာ။''အသုံးကို မကျဘူး..သံလေးတောင် ဖြောင့်အောင်မရိုက်တတ်တဲ့ကောင်..ဘယ်မှာသွား သုံးမလဲ...ဒီအလကားကောင်နဲ့ တော့ ခက်ပါတယ်။''လို့ အပြောခံ ရတယ်။တို့ သားသမီးကျ ဘာမှ ပြန်ပြောခွင့် မရဘူး။မိဘကို ချစ်လို့ မဟုတ်ဘူးလား ကိုဖြိုးရ နော်။(ဟုတ်တော့  ဟုတ်နေပြီ ဒီဘဲကြီးမောင်းတဲ့ လမ်း နှစ်ဆယ့်ရှစ် နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်း ကမ္ဘာပတ်နေပြီးပဲ)။ရှိသေးတယ် ကိုဖြိုး...... မိဘတွေက သူ့ တို့ ပြောသမျှ နာခံမှ သဘောကျ လက်ခံကြတယ်။သူတို့ စကားကပဲ နေရာတိုင်း မှန်နေကြတယ်လို့  တရားသေ စွဲနေကြတာကွ။အဖေဖြစ်တဲ့ သုဒ္ဓေါနမင်းကြီးက ဘုရားမဖြစ်ခဲ့ ပါဘူး။သူ့ သားသိဒ္ဓတ္ထကပဲ ဘုရားဖြစ်ခဲ့တယ် မဟုတ်လား။သားသမီးတွေမှာလဲ အမှန်တရားပါတဲ့ အသိဥာဏ်တွေ ရှိကြပါတယ်ကွ။ရှေးရိုးစွဲ တွေးခေါ်မှုတွေက စာတွေ့ လောက်ပါပဲ ကိုဖြိုး..မဟုတ်ဘူးလား''။(ဟုတ်ကိုမဟုတ်နေတာ ဘုရားဟော ဓမ္မတရားတော်တွေက ရှေးကနည်းနာနိဿယတွေ မဟုတ်ဘူးလား။စာတွေ့ ရော လက်တွေ့ ရော တွေ့ မြင်ကြားနာ နေရတာပဲလေ)။သူက သူ့ စည်းချက်နဲ့  သူ့ စာသား ခွင်ကျကျ ကဗျာ့ slammer နတ်စီးနေတဲ့ performanceကဗျာ့ ဆရာပုံမျိုး ရင်ဘတ်ထဲက စိမ်းရင့်ရင့် ခံယူမှု အရောင်တွေ သူ့ မျက်လုံးပေါ်မှာ ဖြာဟတ်တောက်လောက်နေတော့လဲ သားတော်..ရာဟုလာရဲ့ အဖေက ဘယ်သူလဲဆိုတာ ခင်ဗျားမေ့သွားပြီလားဗျာ'' လို့ တော့ မမေးရက်တော့ပါဘူး။''ကိုမောင်မောင်ရေ...။ကွန်မြူနစ်သဘောတရားကို တွန်းကန် ငြင်းဆန်နေတဲ့  ကျွန်တော်လေ သူရဲ့  ဒဿနတွေ ကြောင့် အဖွဲ့ ဝင်တောင် ဖြစ်သွားတော့ မလို့ ပါပဲ။
နှမြောလှပေမယ့် နောက်လူတွေ လမ်းမလွှဲဖို့  တစ်ယောက်ကို ချန်ပစ်လိုက်ရတော့တယ်။လူ့ စည်းကမ်းနဲ့  မကိုက်ညီ ဖခင်မဖြစ်သေးတဲ့ အချိန်က တစ်ဝက်စာ ဒဿနအတွေးတွေနဲ့  အကျိုးမရှိ တွေဝေနေမဲ့အစား...လူငယ်ပဲ နည်းမှန်လမ်းမှန် တွေးသင့်..သင်သင့်တာတွေ အများကြီးပါ။လူလူချင်း ယောင်္ကျားနဲ့ မိန်းမ ဘယ်သူက သစ္စာပိုရှိ ကျလဲလို့  စကားရည်လု ဝေဖန်နေကြတော့ မှာလား။ အင်္ဂါ.. ဓါတ်..ရုပ်နာမ်တို့ ကို တန်းတူ မထားနိုင်ကြဖူးတဲ့လား။အရေပြားကွဲရင် ရဲရဲနီတဲ့ သွေးထွက်တာချင်းတူတူ ဘာကိုသာတယ်.. နာတယ်..။ အလေးချိန် အချိန်ကုန် ဆွေးနွေးတွေဝေ နေကြတော့ မှာလနော့်။တဂိုး
ကဗျာတစ်ပုဒ်မှာဆို သစ်ခုတ်သမားတစ်ယောက်ဟာတဲ့ သူ့ ပုဆိန်အရိုးတပ်ဖို့ အတွက် ပုဆိန်အရိုးကို သစ်ပင်ဆီမှာ သွားတောင်းခဲ့တယ်။သစ်ပင်ကကြည်ဖြူစွာဘဲပေးလိုက်လေတယ်။သဘောထားကြီးလိုက်
တဲ့သစ်ပင်...သဘောထားကြီးလိုက်တဲ့ ကဗျာဆရာ ကျော်ကြားပါပေတယ်။
အခုလိုကမ္ဘာ့ရွာလေးထဲမှာ ကိုယ်တတ်ထားတဲ့ နည်းပညာတွေ ဒိုင်လျှိုမပါ ဒိုင်စားမရှိ မျှဝေပေးတဲ့လူကို(အထူးသဖြင့် ကျွန်တော်မေးသမျှ ဖြေပေးကျမယ့် ပုဂ္ဂိုလ်တွေကို) မြင့်ရာကရေ နိမ့်ရာကိုစီးပေးမယ့် ရေ
တံခွန်လို လူသားလို့ ကျွန်တော်ဂုဏ်ပြုသတ်မှတ်ထားတယ်။
ဆရာကြီးမင်းသိင်္ခ ရေးထားခဲ့ဘူးသလိုပေါ့။ဘ၀ဆိုတာ ခရီးသွားခြင်း တစ်ခုလိုပါဘဲ။မြို့ အ၀င် ဆိုင်းဘုတ်
က ကြိုဆိုပါ၏နဲ့  မြို့ အထွက် နှုတ်ခွန်းဆက်သပါ၏ လိုပါပဲ..ကာလအချိန်ခဏလေးပဲ ခြားထားတာ ဒင်္ဂါးတစ်ချပ်လို ကျောချင်းကပ်နေတာပါဘဲတဲ့။ကျွန်တော်တို့ တွေ ၀င်လာတဲ့ အချိန်နဲ့  ပြန်သွားမယ့် ခဏ
လေးမှာ ဘာလုပ်ပေးသွားကြမှာလဲ?။
မြန်မာ့vcd lady live showခွေထဲမှာဆိုရင် တွင်ကယ်ကို လေးစားမိတယ်။နာမည်ရပြီးတဲ့လူသစ်လူဟောင်း သီချင်းကောင်းတွေအပြိုင်ဆိုနေကျပေမဲ့ တွင်ကယ်က
တော့ ကျော်ကြားလိုမှု အတ္တမပါ ဦးကျော်ဟိန်းရဲ့  အဓိပ္ပာယ်ရှိသောလူ သီချင်းဟောင်းကို မားသားထရီ
ဇာ နောက်ခံposterနဲ့  ဟစ်သွားတာ ကျွန်တော်လေ ပီတိဖြစ်လို့  ကြက်သီးတောင် ထသွားတယ်။
အားကျမိတယ်ဗျာ...
ကျွန်တော်လေ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားတယ်ဆိုတဲ့ စကားပုံကို အရမ်းသဘောကျ
မိတယ်။တဂိုးရဲ့ သစ်တစ်ပင်ဖြစ်ချင်တယ်။ထင်းဆိုက်လို့ မရ မီးမြိုက်လို့ မရတဲ့ သင်္ဘောပင်သားလို မဖြစ်
ချင်ဘူး။သင်္ဘောသားလို့ အခေါ်ခံရမှာ ကြောက်တယ်။လက်ထဲမှာဆုပ်ကိုင်ထားတဲ့ တူ ကျွတ်ကျသွားမှာ
အရမ်းကြောက်တယ်။
ဥက္ကာပျံ(ဘီလူးကျွန်း)

သက်တန့် ကို စောင့်စားသူ




*နုလျပါးလွှာတဲ့ ပွင့်ချပ်ပန်း အလှလို ပြေပြစ်ချောမွေ့ မယ့်
စိတ်အဆာ ကဗျာတစ်ပုဒ်လောက် ဖန်ဆင်းခြယ်မှူန်းလိုတဲ့ ဆန္ဒက
အတောမတတ်နိုင် ခဲ့သေးဘူး။
*ကာလာစုံ အသွင်ဆန်းတဲ့ သူတပါး ကဗျာ့ပန်းချီကားတွေက
ဓါတ်ပုံရိုက် ဖိုင်save ထားသလားပဲ
သဏ္ဍာန်လုပ် သရုပ်ပေါ် ပါပေတယ်။
*ခြားကဗျာတွေ ဖတ်မိလေတိုင်း မိုးလန့် လို့ 
့ဝေဟင်မှ ထိုးသက်ဆင်းတဲ့ ပျံလွှားငှက် တစ်ကောင်လို
စိတ်ဓါတ်တွေ ခြေခေါက်လဲခဲ့တာ အခါခါ။
*ဗျူဟာမပါ ကာလာမဲ့တဲ့
ကိုယ့်ကဗျာကို ဖန်တီးလိုက်လေတိုင်း
အလိုလိုနေတဲ့ စိတ်က မုန်ယိုနေလေရယ့်။
*လှေနံဓားထစ် ပုံသေတစ်လမ်းတည်း ခုတ်မောင်းမယ့် ရထားအလားပဲ
တစ်ခုတည်းမှာ တဝဲဝဲလည်ရင်း သမာဓိတွေတောင် တည်တံ့လာခဲ့တယ်
တစ်ပုဒ်စစပါတတ်တဲ့ ကိုယ့်ကလောင်ကိုတောင် မသတီ ချင်တော့ဘူး။
*ကျားကွက်လို ထောင့်စေ့ သက်တန့် လို အရောင် စုံ
တစ်လမ်းမမောင်း အစုန်အဆန်စိုင်းတဲ့
စစ်ကိုင်းရောက်မယ့် မြင်းမျိုး
အရောင်ခြောက်ဆယ် အိုးစားဖက်တစ်ယောက်လောက်
ကောက်ရခဲ့ လိုတယ်။
*သည်ပုဂ္ဂိုလ်နဲ့ နောက်ထပ်ထပ် ကောက်ရလာမယ့်
ရွှေရုပ်လေးနဲ့ ဈေးပေးမခေါ်ကြနဲ့ 
အရောင် စုံရင် ဆရာပဲ
ဘာနဲ့ မှ မလဲနိုင်ပါ
သူ... ငါ့ဆရာ။
ဥက္ကာပျံ(ဘီလူးကျွန်း)

သူများ

*နူးညံ့တဲ့ အပေါ်ရုံ အရေပြားတွက် ရည်မှန်းချက်တွေ
မျက်ကန်း ကုန်ကြလေပြီ။
ကျော့ကွင်းရမက်တွင်း တိုးတက်ညင်ညင် စုံပစ်ဝင်ရောက်
တစ္ဆေမကြောက် သောသူတွေ။
*အ'မ ဗ'မ ဖ'မ မ'မ အမမျိုးစုံထွေ မောင့်ဘုန်းကြောင့်ပေ
ဘ၀င်လေသလှပ် အတောမသတ်ပဲ အာဆီယံအပေါင်းနဲ့ မြူးလို့ 
အိပ်ဖောင်းဖောင်းပြဲံမှ မရောင်ရာဆီလူး
လကုန်ရက် အိမ်ဦးလူ ဖုန်းဆက်လျှင်
စိတ်ပျက်သော သူတွေ။
*ဒို့ ပို့ တဲ့လူတွေ Basic ကြေးငွေကောင်း
O.T ဆို အညောင်းပေါ့ဟယ်
ကြွယ်လိုက်တဲ့စကား နေအေးတပည့်သားများလား
ဒို့ များ ရှိတာဆွဲပေါင် အရဲကိုးလို့ 
ဟော......အခုတော့ over လိုက်ရတဲ့ stay
အေးဂျင့်ထားတဲ့ အဆောင်မှာ ခွေနေလိုက်ကြတာတဖုံ
ရွာကအိမ်တွေ လူမကုန်သေးသမျှ
ပို့လိုက်ကြတဲ့လူ မစင်မကြောက်တဲ့
ဝက်လိုသူတွေ။
*ဒုက္ခ ဖြစ်ကျိုးအမှန်(သစ္စာ) ဒုက္ခ ဖြစ်ကြောင်းတရား
ဂရုမထား ယား'စား'နံ'ကြား'မြင်
ငါးပါးခွင် အပြင်ဧည့်သည်နဲ့ 
မိတ်ဖက်သော သူတွေ။
*သူတွေ....။
*သူတွေ....။
*သူတွေ....။
ဥက္ကာပျံ (ဘီလူးကျွန်း)

လမ်း


*မြစ်တစ်စင်းလို ကောက်ကွေ့ ခြင်းတွေ
ဒီသက္ကရာဇ်တွေအပေါ်ဖြတ်သန်းစီးဆင်းနေချိန်။

*မေ့ထားမရတဲ့ မနေ့ က အတိတ်ကို လည်ပြန်ငေးရင်း
ခြေတစ်လှမ်း ချနင်းလိုက်ပြီ ဒီလိုနေ့ သစ်အပေါ်။

*ဆင်သွားပြီးတဲ့ လမ်းလို ပြေပြစ်မှုတွေ ရှိမယ်
ပိုင်စိုးပိုင်နင်း နမ်းရှုံ့ ကြမယ့် ပုတ်ခုတ်မှုတွေ ရှိမယ်။

*မဟာဇနက လို ဥပုဒ်နေ့ တွေ ရှိမယ်
ဝမ်းသာစွာရယ်မောရမယ့် ကျောက်ဖျာချပ်တွေ ရှိမယ်။

*ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်လို ချုပ်တည်းမှုမျိုး
ယောကျာင်္းတန်မဲ့  ထွေခင်းရှိုက်ငို ကစားရမယ့်နေ့ ဆိုးတွေ ရှိမယ်။

*ဘယ်လမ်းကို စားသုံးကြမယ်
မာယာများတဲ့ ပစ္စုပ္ပုန်လမ်း အသွယ်သွယ်မှာ
အဆိုးချည်းသက်သက် ထင်ကျန်စေ မှာတဲ့လား။

*သံသရာ ဒီလမ်းမှာ ခြေတစ်လှမ်း ချနင်းပြီးမိပြီပဲ
ဝင်လာပြီးမှတော့ အပြန်စခန်း မရောက်ခင်
ဒီလမ်းပေါ်ခြေရာလေးတစ်စုံ နှင်းအပ် ထားခဲ့ချင်တယ်။
အဆွေရော နောက်သားအတွက် ခြေရာလေးတစ်ကွက် မပေးဆပ်ရဲ ဘူးလား။
ဥက္ကာပျံ(ဘီလူးကျွန်း)

ကတွတ်ယို ချိုချို


ဒါနောက်စရာလား... လူပုံအလယ်မှာ ဒီလိုအဖြစ်မျိုး ပြောပြစရာလား။မြင်တွေတမျှ လူတိုင်းကို ဒီအကြောင်း အသိပေး စရာလား။
တကယ်ဗျာ သူငယ်ချင်းတို့ ...ခင်ဗျားတို့ ဆိုလဲ ဒေါသဖြစ်မိမှာ အမှန်ပဲ။ ဘယ့်နှယ့်ဗျာ....မင်းတို့ မြန်မာပြည်မှာ ထူးထူးခြားခြား ဘယ်နေရာတွေ ရှိသလဲ မေးလာလို့  ရိုးရိုးသားသား စေတနာနဲ. ကျွန်တော်က...အာ ရှိတာပေါ့ ရွှေတဂုံဘုရားစေတီဆို ကမ္ဘာပေါ်မှာ အကြီးဆုံး ဗုဒ္ဓဓါတ်တော်တွေ ကိန်းဝပ်နေတာကွ၊ ကျိုက်ထီးရိုးဘုရားဆို နတ်နဲ့ လူ ပေါင်းတည်ထားတာ ဆုတောင်းပြည့်တယ်၊တန်ခိုးအလွန်ကြီးတာ၊ဖူးစေချင်လို့  လေပေါ်မှာရှိတဲ့ ကျောက်တုံးအပေါ်မှာ စေတီတည်ထားတာလို့  ပြောပြလိုက်တယ်။(ကိုယ်တိုင်တောင် မရောက်ဖူးသေးဘူး၊မွန်ပြည်နယ်သား ကျိုက်ထီးရိုးမရောက်ဖူးဘူး၊ကပ်ကပ်ပြီးကျော်သွားလို့ ကျွန်တော့်အတွက်က ကပ်ကျော်ဘုရားလို့ တောင် သမုတ်ရ မလားပဲ။)မရယ်နဲ့ ..မလေးတရုတ်ကောင်တွေကို တင်းနေတာနဲ့ တရားခံ မရှာချင်ဘူး။မခံစားနိုင်လို့ တာ သူငယ်ချင်းတို့ ကို ရင်ဖွင့်လိုက်တာ ရေးရင်တန်းလန်း အခုတောင် စိတ်တွေ မုန်ယိုနေပြီး။
''လေပေါ်ပျံနေတဲ့ ကျောက်တုံး ဒီလို အဖြစ်မျိုးလဲ ရှိလား''တဲ့... သကောင့်သားတွေက ပေါင်ချိန်လေသံနဲ့ သံသယ မေးခွန်းတွေ ထုတ်နေသေးတယ်။မယုံရင် သွားဖူးကြည့်ကြလို့  ကျွန်တော်ပြောသေး သကောင့်သား လေးယောက် မလေးရှားမြေက ၃ရက်လောက် ပျောက်သွားကြတယ်။ပေါ်လားပြန်တော့လဲ တခီးခီး တဟားဟားနဲ့  မင်တင်း မင်တင်းလို့ သာ နားလည်တယ် ဘာတွေ သဘောကျတယ် မသိပါဘူး။(တရုတ်လို မင်တင်း ဆိုတာမြန်မာလူမျိုး) မြန်မာ မြန်မာနဲ့  အတင်းတုတ် နေကြတော့ ရွှေမြန်မာ ကျွန်တော် ဘယ်နေတော့မှာလဲ ကိုယ့်အကြောင်းများလားပေါ့ မနေနိုင်လို့  လူကြားမှာမေးမိတော့ အခြားတရုတ်ကောင်က ငါးခူပြုံးလေးပြုံးပြီး အေး... ဒီကောင်တွေ မင်းတို့  မြန်မာပြည်က ကျောက်တုံးပျံစေတီကို သွားဖူးကြတယ်။အေးလဲအေးတယ် အရမ်းလဲသာယာပါတယ် Gentting Hightland လို့ ပဲတဲ့။(အမြင့်ပေ ၆၀၀၀ကျော်ရှိပြီး ဟိုတယ်နဲ့  ကမ္ဘာ့နံပါတ်၃ ကစားဝိုင်းနေရာ) သာယာတယ်လဲဆိုသေး ဘာလို့ နွားသိုးကြိုးပြတ် တခီးခီး တဟဲဟဲနဲ့ သူ့ တို့ ယောက္ခဆုံးသွားလို့ လားကွ။ မရတော့ဘူး ဘီလူးကျွန်းသား ဘီလူးဆိုင်း က ချင်လားတဲ့စိတ် ထိန်းထားလို့  မရတော့ဘူး။ဥက္ကာစိတ်ကို နောကျေတဲ့ အခြားသကောင့်သားတစ်ယောက်က ခပ်ဖားဖား ပြုံးပြီး မဟုတ်ပါဘူးကွာ။သူတို့ တွေ ကင်းမွန်းစခန်း စားသောက်ဆိုင်မှာ coffee သောက်ကြပြီးတော့ bill ရှင်းတာ ကျပ်၂၀၀၀ငွေ ပိုရှင်းလိုက်ရတဲ့ အကြောင်းပြောနေကြတာပါ။ဘာလို့ ပိုရှင်းလိုက်ရတာလဲ?။မသိပါဘူး air-con charge လို့ တော့ပြောတာပါပဲ။ဒီမှာတော့ဒီလိုမပေးရပါဘူးနော် ဟီး..ဟီး။ဘာ ဟီး..ဟီးလဲကွ။ကျွန်တော်လေ ခြေကားယားခွ၊ရင်ညွန့် ကြီးကို ကော့၊လက်သီးကို စကြာကာယဗလမောင်ပုံမျိုး ဆုပ်ပြီး ''မင်းတို့ ညံ့လို့ မင်းတို့ ခံရတာ င့ါလာမပြောနဲ့ သွား''လို့ သကောင့်သားတွေကို ဟောက်ပစ်လိုက်တယ်။ဟုတ်တယ် ကျွန်တော်မမှားဘူး။သူတို့ ညံ့လို့ သူတို့ ခံရတာ ဒီအရှေ့မှာ ဖောက်သည်ချ လာရယ်နေကြတယ် သွား သိဘူး လာမပြောနဲ့  ဟောက်ပစ်မှာပဲ။ဒါတောင် စိတ်ဆိုးဆိုးနဲ့  လှည့်ထွက်သွားတဲ့ ကျွန်တော့်ကို ဟေ့ ဥက္ကာ မင့်တို့ ဆီက ဆိုးဆေးရဲရဲနဲ့  ကတွတ်ယိုက အရမ်းချိုတာပဲလို့ လှမ်းချော့လိုက်သေးတယ်။ဟင့် နော်...ဟင့်ဟင့်.....။
ဥက္ကာပျံ(ဘီလူးကျွန်း)

ခရီး



အထိန်းကွပ်မဲ့လို့ 
ဒီမနက်ကို မကြည့် ဘဲ
မရဲတမ်းဇွတ်မှိတ် နေခဲ့တယ်။
ဝါးစိမ်းလုံး ဇက်ပေါ်ထမ်းပြီး
သူ့ နဲ့ နီးနိုင်သမျှ
ခပ်နီးနီးကပဲ နေမိခဲ့တယ်။
ခရီးထဲမှာ
လိုက်ပို့ ပါတယ်ဆိုသူ တွေထက်
ပိုပြီး ပို့ လိုက်တယ်။
ခြောက်ပေ ကျင်းကြား
နားနေလိုက်ပြီပေါ့။
မနေ့ တွေ့ တောင် အကောင်းကြီး
နားကြီးကြီးနဲ့  နာပြီးကာမှ
အာမဘန္တေ ခံယူသွားလေပြီတဲ့။

မမြဲတမ်း တည်မြဲနေတဲ့ တရား
ဘာဝနာလေးတောင် မပွားလိုက်ရ
ရိုင်းလိုက်တဲ့ သူ့ ကြမ္မာ။
ကိုင်း...မကြာခင် ငါ့အလှည့်ပ
ထူခဲ့ သမျှ
အတိုးချ ပြေးလိုက်အုံးမယ်
(သိသာလှပါတယ် အဆွေတို့ ရာ)
နီးရာကျောင်းသာ ညွှန်းကြပါတော့။
ဥက္ကာပျံ(ဘီလူးကျွန်း)

သံယောဇဉ်


#ဒီနေ့  ရင်အစုံဆီ အမည်မသိတဲ့  ဝေဒနာတွေ
တလှပ်လှပ်နဲ့ တိုက်ခတ် ခံစားနေရတယ်။
ကိုယ့်ကိုကိုယ် အံသြလို့  မဆုံးတော့ပါ
ခဏတာ ခဲတစ်လုံးက ၈နှစ်လုံးလုံး
တည်ငြိမ်နေတဲ့  ငါရင်ဘတ်တစ်ပြင်လုံးကို
ဂယက်ခတ် နိုင်စေသတဲ့ လား။

#''ရာဇ၀င်ထဲက မပဋာမျိုး အဆိုးတွေ ခံစားနေရတယ်''တဲ့ 
ညက သူ(မ)သတင်းစကား ငါ့ဝိဥာည်ကို
အင်အားကုန် ဖျစ်ညှစ်ခံရသလို
စိတ်ဓာတ်တွေ မည်းညစ်မွန်းကျပ် သွားစေခဲ့တယ်။

#ဒီနေ့ မှ တစ်လနေလို့  မရွာတဲ့ မိုး
အငြိုးနဲ့  ငိုချင်ရက် လက်တို့ သလို
သဲကြီးမဲကြီး လာပြီး ရှိုက်ငိုညည်းပြနေတယ်။

#တစ်နှစ်ပတ်လုံး ပုံမှန်ကြီး ရင်းနှီးနေတဲ့ အလုပ်ထဲ
အာရုံမရောက် စိတ်မဖြောင့်ဘဲ
သူ(မ)လိုပဲ ခြောက်ခြားနေခဲ့ရတယ်။

#တိုင်းတပါးမှာ နိုင်ငံခြားသားတွေ အတွက်
ရက်ဆက်စရာ အလုပ်ခက်တာ သိပေမယ့်
လက်မဲ့နေတဲ့ သူ(မ)အတွက်
ဆုတောင်းပေးနေ မိတယ်။

#အားငယ်တတ်တဲ့ အမျိုး သူ(မ)တို့ တွေ အနားမှာ
ငါမရှိနေတာကိုက အားမရ စရာ
အလိုမကြမှုတွေနဲ့  မချိတင်ကဲ
စိတ်ဆင်းရဲ နေရတယ်။

#လေးဖြူပြောတဲ့ သံယောဇဉ်ဆိုတာ
ဒီလိုနေ့ ရက်မျိုးမှာ ငါ့အတွက်တော့
အအိပ်ပျက်စေတဲ့ အဆိပ်ဆေးလေး တစ်ခွက်ပါပဲ။

အလင်းနှစ်နဲ့  ကျော်ဖြတ်လို့ ရမယ်ဆို
အားဖျော့နေတဲ့ သူ(မ)ရဲ့ လက်ကလေးကို
နွေးနွေးထွေးထွေး ဆုပ်ကိုင်ပြီး
ဒီအခု နေ့ ရက်ဆိုးတွေက
ခုန်ကျော် ခေါ်ဆောင် ယူသွား ပေးချင်မိတော့တယ်။
ဥက္ကာပျံ(ဘီလူးကျွန်း)

ပျံသန်းခြင်း သီအိုရီ



''အမိရင်ခွင်ကနေ တိုင်းတပါးကို ပျံသန်းထွက်လာတာချင်း အတူတူ
တစ်နေ့ နေ့  အမေ့အိမ်ရာ အပြန်လမ်းဆီ ဘယ်လို ပုံစံနဲ့  ပြန်ကြမလဲ။
ပျံ = အထက်သို့  တက်ခြင်း(မူလနေရာထက် ကျော်လွန်ပြီး)
ပြန်= ဆုတ်ခွာခြင်း(မူလနေရာ ဆီ)
ရပင့်နဲ့  ပျံ မှာလား။ယရင့် နဲ့  ပြန်ကြမှာလား။
ဘယ်လိုပြန် ကြမှာတုန်း။?''
မြန်မာ့အားမာန် အခမဲ့ သင်တန်း ကျောင်းထိုင် ဆရာတော်ရဲ့  သဘောပါတဲ့ ဆုံးမစကား အတိုချုပ်လေးပါ။အတိုလေး ဆိုပေမယ့် သေသေချာချာတွေးမိရင် တကယ်တမ်း နက်ရှိုင်းလှပါပေတယ်။အရှေ့ တောင် အာရှနိုင်ငံထဲမှာ ဘယ်နေရာသွားသွား ကျွန်တော်တို့ မြန်မာတွေက သူအခြားထက် ခြေတစ်လှမ်းသာ ကြတာချည်း။အလုပ်ထဲမှာလဲ သဋ္ဌေးတွေရဲ့ နေရာပေးခြင်း ခံရသူတွေ ချည်းပါပဲ။ကိုယ်ဆီကိုယ်ဆီ အရည်ချင်းပြည့် သူတွေ ချည်းပါပဲ၊ဒါပေမယ့် ဒီမလေးရှားမှာ အလုပ်လုပ်နေသမျှ ငွေမရှားပါဘူးလို့  ၈၀%မြန်မာတွေက တလွဲဆံပင်ကောင်းနေကြဆဲ။ရေရှည်ရော ဒီမှာပဲ နေထိုင်သွားကြတော့ မှာပဲလား။ချက်ကြိုးဖြတ်ခဲ့တဲ့ ရွာ၊အမေနဲ့ တစ်အိမ်ကျော်က လူတွေကိုရော မလွမ်းကြတော့ဘူးလား။ရွှေမြန်မာတွေ အလုပ်လုပ်ရင် သူတပါးထက် သာသလိုပဲ အသောက်အစားမှာလဲ နှာတစ်ဖျား သာကြပါပေတယ်။ကိုယ်အိမ်ရှင်ဖြစ်ရင် နီးရာ မြန်မာဆိုင်က အဖျော်ယမကာနဲ့  ဧည့်ခံကြသလို ကိုယ်ဧည့်သည် ဖြစ်တော့လဲ ယမကာနဲ့ ပဲ စကားပြောဆို ကြတော့တယ်။အရက်သေစာနဲ့ ဧည့်ခံပြူစုကြတာ မြန်မာ့ ဓလေ့ထုံးစံတစ်ခုလို ဖြစ်နေကြလေပြီး။ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်ဆိုတာ ဦးငွေကိုင်ရေးတဲ့ ရှေးဟောင်း ပန်းချီကားတစ်ချပ်လို ရှားပါးသွားခဲ့ ကြပြီးဗျာ။
တစ်လလုံးလုံး လုပ်စာရဲ့  သုံးပုံ ပုံ နှစ်ပုံခွဲက စားသောက်ဆိုင်ထဲရောက်ကုန်ကြတယ်။
လကုန်ရက် အကြွေးဆပ်ပြီး ယင်းဆိုင်ပေါ်မှာပဲ ၁၀၀..၂၀၀ဖိုးထပ်သောက်
ဒီနေ့ အကြွေးလျော် ဒီနေ့ အကြွေးတင် နေ့ မကူး လူငယ်တွေ တွေ့ရသလို
ု၁၀၀..၂၀၀ကျန်နောက်လထပ်ပေါင်းလူလူချင်းဆိုင်ရှင်ရဲဟောက်မာန်မဲမှုကိုခံရတဲ့
ကျန်ထပ်ပေါင်းလူငယ်တွေ မနည်းလှပါ အတော်များများပါပဲလား။
ယနေ့ လူငယ် နောင်ဝယ်လူကြီးအတိုင်းဆို တစ်နေ့ နေ့  ဒီနိုင်ငံမှာ နေလို့ မရတော့တဲ့အချိန်
လူကြီးဖြစ်လာရမယ့် နိုင်ငံခြားပြန် လူငယ်တွေနဲ့ မျိုးဆက်ကလေးတွေရဲ့ အနာဂတ်ဟာ စိုးရိမ်ဖွယ်ရာပဲ။ယမကာဆိုင်ကို အတိုင်းထက်လွန် အားပေးပုံများ မလေးရှားမှာ
နောက်၃..၄နှစ်ဆို မြန်မာ့ယမကာဆိုင်တွေ ပုဂံဘုရားပေါင်းထက် ကျော်သွားလောက်တယ်။
တစ်လလုံး စိတ်ဆင်းရဲ အဆဲဆိုခံ ရခဲ့တဲ့လခငွေ လကုန်လို့ အိပ်ကပ်မှာ ၅ကျပ်တောင် မကျန်ကြတော့ဘူး။တန်ပါ့မလား။ချွေးစက်တွေ နှမျောစရာကြီးဗျာ။
သက်တမ်းရင့် အစ်ကိုက လူသစ်ညီတွေကို ဘီယာနဲ့ စ အရက်နဲ့ အပိုင်သိမ်း၊ ညီက အစ်ကို့ ကို ပုခုံးချင်းယှဉ်နဲ့ ။ဒီချိန်ဆို အိမ်က အမေ့မင်္ဂလာဦး စိန်နားကပ် အပေါင်ရှုံးလုပေါ့။
အမေ့အိမ်ကိုပြင်ချင်တဲ့မျှော်လင့်ချက်တွေ မြေမြုပ် ပစ်ကြပြီလား။မလေးရှားဟာ
ငွေရှာရမယ့်နေရာလေးပါ။မျှော်လင့်ချက်တွေ စိတ်ကူးတွေ သဂြိုလ်ပစ်ရမယ့်
သင်းချိုင်းမြေဟုတ်လို့ လား။မလေးရှားဟာကျွန်တော့်မြန်မာတွေရဲ့  ဘူမိနက်သန်နယ်မြေလေးပါ။
ကျွန်တော်ဝမ်းစာ ရှာစားနေလို့  ကောင်းကြောင်းပြောနေတာမဟုတ်ပါဘူး။
ပြီးခဲ့တဲ့တစ်ပတ်က တွန်းအားတစ်ခုကြောင့် မလေးရှားစင်ကာပူနယ်စပ် ဂျိုးဟိုးဘာရူးမြို့ လေး ကိုရောက်သွားတယ် မြန်မာ့သာသနာပြုဘုန်းတော်ကြီးကျောင်းမှာ
စင်ကာပူကနေstayရှောင်လာကြတဲ့ သူတွေတည်းခို နေကြတာကိုတွေ့ ရတယ်။
စင်ကာပူမှာအလုပ် ခက်ပုံကိုပြောပြကြတယ်။ဘွဲ့ တစ်ခုဒီပလိုမာတစ်ခု
လုပ်သက်ငါးနှစ်အထက်ရှိမှ အလုပ်အတွက်မျှော်လင့်ခွင့် ရတယ်တဲ့။
အလုပ်လျှောက်ရင်လဲအေးဂျင့်လက်ထဲကိုယ့်ချွေးစက်တွေငွေပေးပြီးအလုပ်အပ်ရတယ်။
စင်ကာပူဒေါ်လာ၃၈၀၀ ၄၀၀၀ပေးရတယ်။အလုပ်ရတော့လည်းသုံးလ အစမ်းခန့် ပဲတဲ့
အလုပ်ပြုတ်ရင်ဒေါ်လာလေးထောင် မလေးငွေ ကိုးထောင်နီးပါး ဆုံးရောတဲ့ဗျာ ။
တချို့ အေးဂျင့်တွေကျတော့သူဋ္ဌေးနဲ့  ပေါင်းပြီး လေးထောင်ယူ သုံးလပြည့် အလုပ်ဖြုတ်
နောက်ထပ်လူ ၄၀၀၀ယူနဲ့ လိမ်စားနေကြတယ။် အင်တာဗျူး ခေါ်ရင်လည်း ခုံနေရာလေးပြရုံနဲ
့ဒေါ်လာ၅၀ မြန်မာချင်းကောက်ဝါး သွားသေးတယ်။အလုပ်လျှောက်လို့ မကျရင်လည်း
ဒေါ်လာ၂၀၀နုတ်ယူထားပြန်ရော။ မလေးရှားလိုမဟုတ်ပါလား။မလေးရှားမှာဆို ပါမစ်ရှိလည်း
အလုပ်အဆင်ပြေ အိုဗာစတေးလည်း ငွေရွှင်လို့ ပါပဲ။ဒီလိုမခက်ခဲတဲ့ နိုင်ငံမှာပျံသန်းနေတဲ့ 
ရွှေငှက်တွေ အပြန်လန်းဖို့ စုစုဆောင်းဆောင်း မလုပ်သင့်ဘူးလား။ဧည့်စာရင်းမတိုင်ရတိုင်း ကိုယ့်အိမ်ကိုယ့်ရာလို့  မသတ်မှတ်ပါနဲ့ ခဏတာလေးမှာ ဘင်္ဂလားကိုခွေး နီပေါကိုနွား
ကိုယ့်ကိုကိုယ်တော့ ရွှေဆိုပြီး မာန်တက်နေမှာလား။အပြန်ခက်နေတာလည်း စဉ်းစားကြည့်ပါအုံး။
လကုန်ရက်ဆို အိမ်ကဖုန်းဆက်ရင် စိတ်ဆိုးကြတယ။် သားငွေမပို့ နိုင်လို့ ဖုန်းမဆက်တာပါတဲ့။
ဒါဆိုဆယ့်နှစ်လရာသီမှာဘယ်လိုလမျိုးက သားဖုန်းဆက်မဲ့လ လဲတဲ။့ အမေမမေးရုံတမယ်ပဲ။
မြင်နေရတော့ခက်လှတယ်ဗျာ။ ဒီလိုအနေအထိုင် အလုပ်အကိုင်ပြေပြစ်တဲ့ မလေးရှားလို
နေရာမျိုးမှာ ရတုန်းစုစေချင်တယ်။အပြန်လန်းအောင် ရွှေငှက်တွေကို အကြံ ပေးချင်တယ်ဗျာ။
ဆရာတော်ပြောတဲ့ရပင့်နဲ့ ပျံသန်းစေချင်တယ်။ခူးဆွတ်ရမဲ့ရာသီလွန်မှ လက်ထဲမှာရှိတ
ဲ့တံကျူဟာ အသုံးဝင်တော့မလား စဉ်းစားစေချင်တယ်။
''အခွင့်သာခိုက်မှာ မလိုက်လျှင်အမိုက် နင့် အပြစ်ရှိမည်လော။
အခွင့်သာတုန်းမှာ မရုန်းလျှင် အရှုံး နင့် အပြင် ရှိမည်လောတဲ။့''
ရဟန်းစာဆိုတပါးရဲ့  အမှာစကား ရွှေငှက်တိုင်းကြားဘူး မှာပါ။အကြံပေးတာပါ။
ရွှေငှက်တွေကမရုန်းတာတော့မဟုတ်ပါဘူး။ရုန်းကြပါတယ်။
ဖြုန်းတာလေးပဲပြောစရာရှိတယ်။နွားမကျောင်းစမ်းပါနဲ့  ကွာလို့ တော့အပြစ်မတင်စေချင်ပါဘူး။
အမှန်နဲ့ အမှားဆိုတဲ့ အကွာအဝေးဟာ လောကမှာတစ်စက္ကန့် ပိုင်းလောက်ပဲခြားတာပါ။
မှန်တဲ့လူမှား
ဖို့ စက္ကန့် ပိုင်းပဲလိုသလို မှားတဲ့လူမှန်ဖို့ လဲ စက္ကန့် ပိုင်းပဲ လိုတာပါ။
အဲဒီတော့ မှားတဲ့လူကို လမ်းမှန်ရောက်အောင် ဖေးကူမဖို့ လဲမမေ့နဲ့ နော်။
ဘ၀ဆိုတာပိုက်ဆံမပေးရတဲ့စာသင်ကျောင်းပါပဲ။ အခက်အခဲဆိုတာ စာမေးပွဲတွေပေါ။့
အဲဒါကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ရင်လူတော်တစ်ယောက်လို့ သတ်မှတ်ခံရလိမ့်မယ။်
ကျရှုံးခဲ့ရင်လည်း ထပ်ဖြေလို့ ရသေးတယ်အသက်ရှင်နေသရွေ့ပေါ့။
ဆရာသဲအောင်ရေးထားတာပါ။
အမှန်တော့ ပျံသန်းနေကြ ရတာချင်း အတူတူပါ။
ဘယ်လိုအမြင့်ကို ပိုရောက်အောင်ကြံဆကြ မလဲ။ကိုယ်ဝမ်းနာတိုင်း ဘယ်ဟ၀ှာ
ဘယ်ပုဂ္ဂိုလ်မကောင်းကြလို့  အပြစ်မတင်စေချင်ဘူး။ပြန်လှမ်းလာမဲ့ သားကို
အမေကြိုနေပေမယ့်ပျံသန်းလာတဲ့သားကြောင့်အမေ့မျက်စိနှစ်လုံးအလင်းရစေချင်တယ်။
လက်ထဲမှာကိုင်ထားတဲ့ တံကျူကို အဓိပ္ပာယ်ရှိစေချင်ပါတယ်။ရွှေငှက်တွေအားလုံး
ဆရာတော်ပြောတဲ့ ပျံသန်းခြင်း နိယာမနဲ့  တစ်ခုတည်းသော အဖြေမှန်ရနိုင်ကြပါစေ။
ဥက္ကာပျံ(ဘီလူးကျွန်း)

စေတနာ နောက်ကွယ်



*တစ်နေ့ နေ့  နေ့ စဉ်ရက်ဆက် ချွေးစက်တွေက
တစ်စစ နေ့ တာရှည်လာပြီး။
*အဆက်မပြတ် လည်ပတ်နေတဲ့  ရာသီခွင်ထဲ
ဂြိုလ်စာက ငါ့ချည်းပဲ ဖြစ်နေတာပါလား။
*ရှားမီးကိန်းထဲ နစ်မွန်းလိုက် ဟိုမရောက်ဒီမရောက် သူအိုကိန်းလဲ
အောင့်သက်သက်မျောရင်း ကံကောင်းခြင်း လာဘံက
ဘယ်များကျကျန်ရစ် လေသလဲ။
*စုတ်ကိန်း ထဲရောက်ပြန်တော့ မှုးမေ့လောက်တယ်၊
အလည်လွန်တဲ့ နားရွက်ကား အပေါင်းပါတစ်သိုက်
ငါ့ကိုချည်း တစ်အားစိုက် သားကောင် အမှတ်ထားနေကြ။
*အိမ်ရှင်က အချိုရည်အေး တိုက်ကျွေးပါတယ်
ငြင်းပယ်ကြတာ အမုန်း ဂိတ်အဆုံး ရာသက်ပန်
စွန့် လွတ်ထားတယ်တဲ့ 
တကယ့်ဒယ်.......အချိုမှတော့ မခါးစေချင်လို့ ပေါ့၊
တမော့မော့နဲ့  မော့ဆိုတာချည်း...ခွီး။
*ရှိရှိသမျှ အားလုံးကလည်း လူနာချည်းပါပဲ
အိပ်ကပ်ထဲ ပိုက်ဆံ ပိုက်မိရင် ခေါင်းကိုက်တတ်တဲ့ 
ကမ္ဘာ့ဝေဒနာရှင်တွေ ချည်း၊
ငါ့ကျ ခူးယူလို့ ရတာ မှတ်လို့ ။
*အေးပါ.....မင်းတို့ တွေ ဆုပ်ကိုင်ထားတဲ့  လက်နဲ့ 
ဘယ်အရာမှ ခံယူလို့  မရတာ သိတဲ့ တစ်ချိန်ချိန်
အိမ်း....ငါ့ စေတနာလဲ ဝေဒနာစွဲကပ် ဖျားနာတတ်နေလောက်ပေါ့။
ဥက္ကာပျံ(ဘီလူးကျွန်း)