*နုလျပါးလွှာတဲ့ ပွင့်ချပ်ပန်း အလှလို ပြေပြစ်ချောမွေ့ မယ့်
စိတ်အဆာ ကဗျာတစ်ပုဒ်လောက် ဖန်ဆင်းခြယ်မှူန်းလိုတဲ့ ဆန္ဒက
အတောမတတ်နိုင် ခဲ့သေးဘူး။
*ကာလာစုံ အသွင်ဆန်းတဲ့ သူတပါး ကဗျာ့ပန်းချီကားတွေက
ဓါတ်ပုံရိုက် ဖိုင်save ထားသလားပဲ
သဏ္ဍာန်လုပ် သရုပ်ပေါ် ပါပေတယ်။
*ခြားကဗျာတွေ ဖတ်မိလေတိုင်း မိုးလန့် လို့ 
့ဝေဟင်မှ ထိုးသက်ဆင်းတဲ့ ပျံလွှားငှက် တစ်ကောင်လို
စိတ်ဓါတ်တွေ ခြေခေါက်လဲခဲ့တာ အခါခါ။
*ဗျူဟာမပါ ကာလာမဲ့တဲ့
ကိုယ့်ကဗျာကို ဖန်တီးလိုက်လေတိုင်း
အလိုလိုနေတဲ့ စိတ်က မုန်ယိုနေလေရယ့်။
*လှေနံဓားထစ် ပုံသေတစ်လမ်းတည်း ခုတ်မောင်းမယ့် ရထားအလားပဲ
တစ်ခုတည်းမှာ တဝဲဝဲလည်ရင်း သမာဓိတွေတောင် တည်တံ့လာခဲ့တယ်
တစ်ပုဒ်စစပါတတ်တဲ့ ကိုယ့်ကလောင်ကိုတောင် မသတီ ချင်တော့ဘူး။
*ကျားကွက်လို ထောင့်စေ့ သက်တန့် လို အရောင် စုံ
တစ်လမ်းမမောင်း အစုန်အဆန်စိုင်းတဲ့
စစ်ကိုင်းရောက်မယ့် မြင်းမျိုး
အရောင်ခြောက်ဆယ် အိုးစားဖက်တစ်ယောက်လောက်
ကောက်ရခဲ့ လိုတယ်။
*သည်ပုဂ္ဂိုလ်နဲ့ နောက်ထပ်ထပ် ကောက်ရလာမယ့်
ရွှေရုပ်လေးနဲ့ ဈေးပေးမခေါ်ကြနဲ့ 
အရောင် စုံရင် ဆရာပဲ
ဘာနဲ့ မှ မလဲနိုင်ပါ
သူ... ငါ့ဆရာ။
0 Response to "သက်တန့် ကို စောင့်စားသူ"
Post a Comment