လူ့ စိတ်


အစာမရှိတော့လည်း အစာအိမ်ထဲ
ကြောင့်ကြဆင်းရဲ ချောက်ချားလို့ ။
ဝမ်းတစ်ထွာထဲ ပြည့် တင်းတော့လဲ
ရင်ပြည့် ရင်ကယ် မအီမလည်ပြန်ရော။
အရှိနဲ့ အသိကို ချိန်ကိုက်ညှိကာမှ
နဂိုဒုက္ခထက် အပိုဒုက္ခက ကြီးစိုးနေခဲ့။
ချိုပါတဲ့ အုန်းရည်ကိုအပိုအားခဲ
ရေခဲရိုက်သောက်အုံးမယ်။
နှမ်း ဆားထောင်း မပါရင်
ကောက်ညှင်းပေါင်းလို့  မသတ်မှတ် ချင်မိကြတော့။
ဥက္ကာပျံ(ဘီလူးကျွန်း)