လေ..လုံး မကွဲတဲ့ လောကအလယ်
နောင်တနဲ့ …..ချည်
ကျုံးသွင်းလာမယ့် ဘ၀ဆီ ဇွတ်တိုး မ၀င်ဘူး။
လိုအင်.. စိတ်အိုင် နောက်ကျိ ရုံလောက်နဲ့
ငါ့….ခြေထောက် ဗွက်မပေါက်….ရဘူး။
ငါ့….ကိုယ်ကျင့်တရား မခြောက်ခမ်း….ရဘူး။
အိပ်မက်…တွေ မျှော်လင်..့ မရတော့ရင်၊
နေ့စွဲ...တွေ ထပ်တူမကျ ခဲ့ရင်၊
ခြေလှမ်း…တွေ ပန်းဝင်မရောက် သေးရင်၊
နေ..လနဲ့.ကမ္ဘာကြား….ညှပ် ..မိသလို
နေကြတ် ..မိုက်မှောင် မသွား စေရဘူး။
လမ်းလွှဲ…နေတာ မဟုတ်ရင်တော့
ငါ….ကံဆိုး..နေပြီး။
ဥက္ကာပျံ (ဘီလူးကျွန်း)
ငတ်မွတ်မှုနဲ့တောင့်တခြင်းက
ထင်ထင်ရှား အဆိုးဝါးဆုံး ထင်ပေါ်လွန်းလှတယ်။
အတူနေ အိမ်သူ လွန်ပဲ့ပြီးနောက်
တီတီတာတာတစ်ဦး တစ်ယောက်မှ
ကျုပ်အနားနား ရောက်မလာကြဘူး။
ကျုပ်သွေးနဲ့ ဆောက်တည်ခဲ့တဲ့ အာရုဏ်ဦး အလင်းတွေ
ကျုပ်ချွေးနဲ့ ပိုက်ထွေးခဲ့တဲ့ ပိုးစုန်းကြူးလေးတွေ
ပိုင်သူအစုနဲ့ ဖွဲ့သီ ဆိုင်သူကျုပ်ကျ
ငြီးငွေ့မှုနဲ့ မိုးချုပ်လို့။
ခရောင်းလမ်း လောကဓံတရားကို ကိုယ်စားပြု
ဝတ္တရားတစ်ခုအဖြစ် ဖြတ်သန်းလွန်မြောက်ပြီး
နွေဦးပေါက်ကာမှ ဒီသစ်ခြောက်တစ်ပင် အဖို့
ထင်းခြောက်အဖြစ် လောက်တောင်
ကောက်သိမ်း စောင့်ရှောက်မယ့်သူ မဲ့ရသလား။
ဒီနှစ်ပေါင်းတွေမှာ ထုပ်တန်းပေါ်က
စုတ်သပ်နေမြဲ အိမ်မြှောင်တစ်ကောင်ရဲ့ အသံလေးက
သူတို့ အသံ……..
မြေနီလမ်းက ဒုံးစိုင်းပြေးလာနေတဲ့
ဖုန်လုံးတွေက သူတို့တွေများလား၊
အမှတ်သညာမရှိ လက်ရှိကို အမှတ်မှားနေတုန်း။
နှစ်ပေါင်း၆၀ကျော် လည်ပတ်ခဲ့ပြီးတဲ့
တိုင်ကပ်နာရီတစ်လုံး အတွက်
နောက်တစ်ရက် နေ့စွဲ မလိုအပ်ဘူး။
မိုးချုပ်လုပြီး……
ကျုပ်အတွက် ရွှေမလိုဘူး၊ ငွေမလိုဘူး
အဝေးက ချည်ထည်ဆေးစုံ မုန့်ပုံးတွေထက်
အနားက ရေတစ်ခွက်ကို တရှိုက်မက်မက် တပ်မက်နေတယ်။
ကျုပ်က ညခရီးကို ဖြတ်သန်းနေတဲ့
ကန္တရ ခရီးသည် ။
အားလုံးရဲ့ အလို လိုက်ကြည့်ပေးရင်း
သူ့စိတ်အလိုကျ ပျိုးထောင်ကြည့်မယ့်
အပင်မျိုးကျ မမြင်ခဲ့ရဘူး။
စိတ်တူပေမယ့် လျှောက်ကြမယ့် တိမ်တွေက
အရောင်တောက်တောက် ဖျော့မှောင်မှောင်
အကြောင်းအကျိုးတစ်ခုခု လိုနေသလို
အနားသတ်မျဉ်းဖြောင့် အစင်းပြိုင်ပြိုင်
ကောက်ကြောင်းမဲ့ ချော်ထွက်နေကြတာက အတ္တ
ရမှာ မရမှာက နောက်ပေါက်ဖြစ်စဉ်
အရိပ်မြင်ရုံနဲ့ အကောင်ဖမ်းလိုက်မယ် ဆိုပဲ။
တွန်းအားနဲ့ဖိအား မမှားစေချင်လို့
ဘာ,ဘာဆို ဘာမှာ မပြောတာကိုပဲ
ဘာကြောင့် ၀င်မပါရကောင်းဆို အပြစ်တစ်ခုလို အဖြစ် ဖန်ဆင်းခြယ်သကြပြန်ရော။
အစ အန ကောက်တတ်လိုက်ပုံ ယုံချင်ချင် မကြုံကျဲကျဲ
ဘာကိုမှ ၀ံ့ဝံ့ရဲရဲ အာမဘန္တေ မပေး ပဲ
ပါးပါးလေး အနေစိမ့်နိုင် စွမ်းအားက
ဒိုင်ယာရီထဲ မြဲမြဲစွဲ ကဲထားတဲ့ မကောင်းတတ်တဲ့ အရိပ်စုပါပဲ။
ဟူးးးးးးးးးးအားနာတတ်ခြင်းက ဘယ်တော့မှ
ခံပြင်းခြင်းပွင့်လင်းမှုမျိုးကို စီးချင်းမထိုးနိုင်ခဲ့ဘူး။
အပြောင်းလဲ မြန်နှုန်းအပေါ်
အလျင်မှီ ရှေ့ဆက်ပြေးတက်ဖို့
ကိုယ်တိုင်ကျင့်ကြံ လိုက်တာမှ
သက်လုံကောင်းကောင်း ရှိုက်ခွင့် ရအုံးမယ်။
ကမ္ဘာမြေကြီး လည်ပတ်နေသမျှ
လုံးချာလိုက်နေကျအုံးမှာချည်းပါပဲ
ဦးလေးရေ…….
မရောက်တော့မှာထက်စာရင် နောက်ကျမှ ရောက်လဲ မဆိုးပါဘူးဗျ။
"ရူး"ခနဲ့ ကြွေဆင်းသွားတဲ့ ကြယ်ပွားနဲ့ အတူ
ကျွန်တော့်အရိပ်ပါ ကြွေသက်ဆင်းသွားတယ်။
လှမ်းတားချိန်မရ ဆုတောင်းချိန်တောင်မရလိုက်ဘူး။
"အစ်ကိုမေးနေတဲ့ ဥက္ကာပျံ"
ပို့မော်ဒန် တစ်ပုဒ် အန်ထုတ်မိ ကတည်းက
ကျွန်တော့်ကလောင်ကို မေးရင် မဖြေ၀ံ့တော့ဘူး။
အထင်သေးတဲ့အကြည့် ရွံ့ရှာတဲ့မျက်လုံး ဟန်ဆောင်အပြုံး ရောင်နဲ့
လူပုံအလယ်ကြား ဆိုးဆေးမျက်တောင်ဖျားက
အလင်းတစ်ချက် အခတ်ခံလိုက်ရတယ်။
ကျွန်တော်နဲ့ လူစုံတက်စုံ မှတ်တမ်းပုံ
အရိုက်ခံဖို့ လူတွေကြားက လူတွေကို
ကျွန်တော် အားနာမိတယ်။
လျှပ်တပြက် အလင်းရောင်ကို မိုးလန့်တတ်သွားပြီးနောက်
ဖလက်စ်ဂန်းတို့ရဲ့ အနမ်းကို အတတ်နိုင်ဆုံး ရှောင်ပေးခဲ့ပါတယ်။
ကြယ်ကလေး........ရေ၊
မင့် ခုန် အဆင်းမှာများ
ငွေဝယ်ကျွန်သား ဂျော့ခ်ျဝါရှင်တန်ကာဗာ
ဖိနပ်ချုပ်သမား အေဗရာဟင် လင်ကွန်း တို့ကို
မြင်တွေ့မိခဲ့လား။
လူသားတို့တိုင်းမှာ မျိုးရိုးဗီဇနဲ့ လုပ်ရေးကိုင်စွမ်း
ဘယ်အရာတစ်ခုက လူပီသစေသလဲ..ဟင်။
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က
အဖိုးတန် ပစ္စည်းလေးပါ၊
လိုအပ်တဲ့ချိန်ခါ ခေါင်ရန်းပန်းလဲ တန်ရာတန်ကြေး ရှိပါရယ့်။
ကြယ်ကလေး....ရေ၊
"လမ်းဆုံးရင် ရွာတွေမယ်"တဲ့
ကျွန်တော်လမ်းဆုံးလို့ ရွာအ၀င်ရောက်တဲ့ တစ်ရက်
မင့်ရဲ့ ပညာမာနမျက်တောင်တစ်ချက်လောက်
ခပ်ရိုက်ပေးခဲ့ပါအုံး။
ခေါင်ရန်းပန်း ကိုင်ပြီး တစ်ယောက်တည်း
ပြုံးပြုံးလေး အရိုက်ခံချင်လို့။
အသက်တွေသာ မှန်မှန်ရှုရင် တဖြည်းဖြည်း နိမ့်ဆင်း ကြီးထွားလာတယ်။
ထိန်းချုပ်ယူခဲ့တာ ၈နှစ်ကြာ စွန်းရောပေါ့
သက်တောင့်သက်သာ မရှိခဲ့ရဘူး၊
ဟူး.....ဖြေလျှော့လိုက်ပြီး
ဖြေလျှော့ချလိုက်တာထက် အဖြေလျှော့ခံလိုက်ရတာ။
အရောင်အလင်း နှစ်သက်ခြင်းတစ်ခုတည်းနဲ့
မျက်စုံပိတ် အရာရာကို အိတ်သွန်ဖာမှောက်
ဒေါက်ဖြုတ်ချထားလိုက်တယ်။
မျက်နှာပြောင် တိုက်လွန်းတယ်။လေထဲမှာ အရောင်မရှိဘူး။
လူ့ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်၊
အာရုံနိမိတ်ကြားမှာ လူတစ်ယောက် ဖျတ်ခနဲ့ ပျက်သုဉ်းသွားနိုင်သလို
စိတ်ဓာတ်ပျက်စီးရင်ကော စိတ်ရောခန္ဓာ
အသွေးသားပါ အကုန်လုံး ဆုံးရှုံး ပျက်ဆီးတာပါပဲ
ကြိုတင် သိရှိနားလည် ထားလျက်နဲ့ စွန့်စွန့်စားစား
အဓိဂမ(မရခဲ့ဘဲနဲ့ရတယ်လို့ အထင်ရှိခြင်း)မှာ
စုံဆန် မျောပါတုန်းရယ်။
ထပ်တူတပ်မျှ မတူညီကြတဲ့ အပေါင်းအနှုတ် အဖိုအမ
ထိုအရာနှစ်ခုက တစ်ခုနဲ့တစ်ခု ကွဲပြားခြားနားခြင်းမရှိ
ထပ်တူထပ်မျှ တူညီကြတယ်ဆိုရင်ပေါ့
ဒီအရာကနှစ်ခု မဟုတ်တော့ တစ်ခုတည်းတာ ဖြစ်ရမယ်ဆိုပဲ။
အနေဝေးဝေး အဝေးမှာနေကြရတဲ့ သူတွေဖို့
ချစ်ခြင်းတစ်စုံကို ပုံအပ် တစ်ဖက်သတ်ကြီး
ဆုပ်ကိုင်ယုယ ထားကြတာ
အမှားဆိုတဲ့ ပူလောင်မှု ပျက်ယွင်းရမှုအလွမ်းကို
မွေးဖွားသန့်စင်ထားကြတာနဲ့ တူတယ်။
ခင်ပွန်းကြီး၁၀ပါးမှ အပ လောကကြီးမှာ
မိမိကိုယ်မိမိ လိမ်ညာပြစ်မှား နေကြတာက
အဆိုးဆုံးအမှု ပြုလုပ်ခြင်းလို့ ထင်မိတယ်၊
မကောင်းတာကို မကောင်းမြင်မှ အမှန်ပေါ်လွင်၏တဲ့။
မကောင်းမှုကို သိလျက် လုပ်တဲ့သူ
မသိလျက်ပြုမိသူ ဘယ်သူက ပိုဆိုးလဲ
တစ်လွဲမတွေးနဲ့ ခပ်ငယ်ငယ် အရွယ်ကလေး
မီးခဲရဲရဲကို ရလိုမှုတစ်ခုတည်းနဲ့
ခပ်မြဲမြဲ ဆုပ်ကိုင်ယူလိုက်တယ်၊
အာာားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။
အသိကြွယ်ပြီး လူရွယ်တစ်ယောက်
ရွံ့ကြောက်ကြောက်ပေမယ့်ကို ရယူလိုမှုတစ်ခုတည်းနဲ့ပဲ
လက်ပြောင်းလက်လွဲ ခပ်ဖွဖွလေး လှမ်းကိုင်ယူလိုက်တယ်၊
ကျွတ်.ကျွတ်.ကျွတ်......................၊
ပူတော့ပူတယ်....ဒါပေမယ့် ဖွဖွလေး။
အပေးနဲ့အယူ အယူက နောက်ကဆက်တဲ့
စကားစု အပေးက ဗွေဆောဦး
ဟူး.....ဖြေလျှော့လိုက်ပြီး
ဖြေလျှော့ချလိုက်တာထက် အဖြေလျှော့ခံလိုက်ရတာ။
What makes a nation's pillars high
And it's foundations strong?
What makes it mighty to defy
The foes that round it throng?
It is not gold. Its kingdoms grand
Go down in battle shock;
It's shafts are laid on sinking sand,
Not on abiding rock.
Is it the sword? Ask the red dust
Of empires passes away;
The blood has turned their stones to rust.
Their glory to decay.
And is it pride? Ah, that bright crown
Has seemed to nations sweet;
But God has struck its luster down
In ashes at his feet.
Not gold but only men can make
A people great and strong;
Men who for truth and honor's sake
Stand fast and suffer long.
Brave men who work while others sleep,
Who dare while others fly...
They build a nation's pillars deep
And lift them to the sky.


အင်္ကျီကျွတ်တဲ့ သစ်ပင်တွေလိုပဲ..
ခဏကြွေကျတော့ မီးခိုးတအူအူ
အငွေ့တထောင်းထောင်း အနံ့တသင်းသင်းနဲ့ပေါ့။
ဘီလူးကျွန်းက ကောင်လေး ဝေသာလီ ရောက်သွားပြီး.
ကျမ်းပြုစုသူရဲ့ လမ်းကြိတ်စက်သံလိုပဲ
စကားလုံးတွေက သဲဖြူးထားလို့ မွတ်....
ဟော.......................
မော်ဒန်..ခေတ်ပြိုင်....ပို့မော်ဒန်
သုံးသပ်ဝေဖန်ရေးက မိုးရွာ
လူကြီးတွေ ပြန်ကုန်ပြီ်း
လမ်းမကြီးက ဒီအတိုင်းပါပဲ
လွင်မိုးမျက်နှာနဲ့ကောင်လေးက
ရုတ်တရက် ဥသြပြေးဆွဲတယ်။
ကျွန်တော်တို့တွေ...
ကျွန်တော်တို့တွေ..
ကုတင်ပေါ်ကနေ တာ့တာပြရင်း
နေမင်းကြီးက ပျို့တက်နေပြီး။။
ပြည်တော်ပြန် သွားပြီးတဲ့ကာတွန်းကျောက်ဆူး ကို အမှတ်ရလျှက်..
ပညာ..ဥာဏ်အမြော်အမြင်ရှိခြင်း..
ဝီရီယ..မနားမနေ ကြိုးစားအားထုတ်ခြင်း..
စာဂ..ပေးကမ်း စွန့်ကြဲခြင်း..တဲ့..
အောင်မြင်ခြင်း အခြေခံမူလ ဒီလေးခွက်နဲ့
နေ့စဉ်ဆက်ဆက် မျက်နှာသစ်ခဲ့တောင်
တစ်ယောက်ပြီးတစ်ယောက် ဖြစ်လျှောက်သွားတိုင်း
ခပ်ရိုင်းရိုင်းပဲ ကံကိုပုံပြီးစိတ်ပြေလျော့မိတယ်။
ကုသိုလ်ကံက လူကိုမစောင်တဲ့ အချိန်တန်မှလား။
ရုန်းကန်လွန်းလို့ လိပ်ပြာတွေတောင် လက်အံလွဲပေါ့။
စိတ်ဖြေသဘော မျော်တွေးကြည့်တိုင်
မပုကြွယ်ရဲ့ခြံတိုင်ရိုးက အားကိုးစရာ
ခရုငယ် ဘယ်များ ခြေချော်လဲ
တိုင်ထိပ်ဆီ ဇွဲနဲ့တက်တဲ့ ရေညှိတွေတောင်
ပျင်းရိရိ ဒေါသပုန်ထ ကုန်ပြီး။
လူမသိတဲ့ အပူ ဖုံးဖိကွယ်ရင်း
သက်ပြင်း မျှင်းမျှင်းလေးတော့ စိတ်ဓာတ် ချမိတယ်။
နှင်းမြူတွေ...
လူ...လူတွေ...
အတူတူရှိ ချိန်လေးမှာ ခြေတစ်စုံစာ
နေရာမရတဲ့ ကိုယ့်လိုက ခပ်များများ
မြေကြီးဆီ နှစ်သိမ့်ဖို့ ပြန်မဆင်းနဲ့
မိတ်ဆွေ.....
ကျွန်တော့် ပုခုံးဆီ စကားမပြောပဲ တက်
ဘယ်နေ့..
လ.....
ရက်...
ရေတွက် မနေနဲ့
ကျည်ပွေ့အတက် မပေါက်သေးသ၍ တော့
ထပ်တူမျှမျှ ကူရှာကြသပေါ့။
#တန်းတူနိမ့်ကျ ချို့တဲ့သည့်တိုင်အောင်
#ပျားများလို စုံရုံးညီညာ ဖန်တီးပါ
#နယ်ရုပ်တစ်ရုပ်ချင် စီ၍ ထိုးစစ်ဆင်ပါ
#ငှက်တစ်သောင်းနား နေနိုင်မည့်
#ငုတ်မိသဲတိုင် တက်နိုင်အဖျားရောက်
အပွင့်လင်းဆုံး ၀န်ခံမှုဟာ
တစ်ခါတစ်ခါ အရိုင်းစိုင်းဆုံး စကားပြေ ဖြစ်လာရတယ်။
နှလုံးအိမ်ရဲ့  တောင်းတငတ်မွတ်မှုဟာလဲ
တစ်ကိုယ်စာတောင် တစ်ကိုယ်ကောင်းဆန် ခွင့်မရခဲ့ဘူး။
ငါ့အပေါ် ငါ့ထက် နားလည်သူကိုမှ
၁၃နာရီစာ ကြွေကွဲသွားအောင်
ငါမိုက်မဲ သွားစေခဲ့သလား။
ကိုယ်တိုင်ရော မတ်တပ်ကြီး
ရင်ဘတ်တစ်စုံ သေဆုံးနေရတာ
နှစ်ကြိုက် ပျော်နေနိုင်လို့ လား။
ရေကူးပြီး တောင်ပန်းလို့ ရရင်
သူ့ ပျိုးထားမယ့် နှင်းဆီဖူးလဲ
အိပ်ကပ်ထဲ ရဲရဲဝင့် ထိုးစိုက်လိုက်နိုင်တယ်။
အိပ်မက်ကို ဆက်မက်ဖို့ 
နေရာတစ်နေရာ မရဖြစ်ရင်တောင်
ဒီမျော်လင့်ချက်ကို ဆုပ်ကိုင်ထားခွင့် ရချင်မိနေသေးတယ်။
အတွေးစိတ်ကူးနဲ့ လက်တွေ့ 
အကောင်ထည်ဖေါ်ခွင့် မရှိတော့ရင်တောင်
စိတ်ကူးခြင်းနဲ့  ထိုအရာကို မွမ်းမံချိန်ရချင်နေတယ်။

ဒီပါးစပ် စကားပုံထဲပဲ အဖန်လဲလဲ တ၀ဲဝဲငါ
ထင်ရာစိုင်း နှစ်မွန်း သွားနေရဆဲရယ်။

*နုလျပါးလွှာတဲ့ ပွင့်ချပ်ပန်း အလှလို ပြေပြစ်ချောမွေ့ မယ့်
စိတ်အဆာ ကဗျာတစ်ပုဒ်လောက် ဖန်ဆင်းခြယ်မှူန်းလိုတဲ့ ဆန္ဒက
အတောမတတ်နိုင် ခဲ့သေးဘူး။
*ကာလာစုံ အသွင်ဆန်းတဲ့ သူတပါး ကဗျာ့ပန်းချီကားတွေက
ဓါတ်ပုံရိုက် ဖိုင်save ထားသလားပဲ
သဏ္ဍာန်လုပ် သရုပ်ပေါ် ပါပေတယ်။
*ခြားကဗျာတွေ ဖတ်မိလေတိုင်း မိုးလန့် လို့ 
့ဝေဟင်မှ ထိုးသက်ဆင်းတဲ့ ပျံလွှားငှက် တစ်ကောင်လို
စိတ်ဓါတ်တွေ ခြေခေါက်လဲခဲ့တာ အခါခါ။
*ဗျူဟာမပါ ကာလာမဲ့တဲ့
ကိုယ့်ကဗျာကို ဖန်တီးလိုက်လေတိုင်း
အလိုလိုနေတဲ့ စိတ်က မုန်ယိုနေလေရယ့်။
*လှေနံဓားထစ် ပုံသေတစ်လမ်းတည်း ခုတ်မောင်းမယ့် ရထားအလားပဲ
တစ်ခုတည်းမှာ တဝဲဝဲလည်ရင်း သမာဓိတွေတောင် တည်တံ့လာခဲ့တယ်
တစ်ပုဒ်စစပါတတ်တဲ့ ကိုယ့်ကလောင်ကိုတောင် မသတီ ချင်တော့ဘူး။
*ကျားကွက်လို ထောင့်စေ့ သက်တန့် လို အရောင် စုံ
တစ်လမ်းမမောင်း အစုန်အဆန်စိုင်းတဲ့
စစ်ကိုင်းရောက်မယ့် မြင်းမျိုး
အရောင်ခြောက်ဆယ် အိုးစားဖက်တစ်ယောက်လောက်
ကောက်ရခဲ့ လိုတယ်။
*သည်ပုဂ္ဂိုလ်နဲ့ နောက်ထပ်ထပ် ကောက်ရလာမယ့်
ရွှေရုပ်လေးနဲ့ ဈေးပေးမခေါ်ကြနဲ့ 
အရောင် စုံရင် ဆရာပဲ
ဘာနဲ့ မှ မလဲနိုင်ပါ
သူ... ငါ့ဆရာ။
မျက်ကန်း ကုန်ကြလေပြီ။
ကျော့ကွင်းရမက်တွင်း တိုးတက်ညင်ညင် စုံပစ်ဝင်ရောက်
တစ္ဆေမကြောက် သောသူတွေ။
*အ'မ ဗ'မ ဖ'မ မ'မ အမမျိုးစုံထွေ မောင့်ဘုန်းကြောင့်ပေ
ဘ၀င်လေသလှပ် အတောမသတ်ပဲ အာဆီယံအပေါင်းနဲ့ မြူးလို့ 
အိပ်ဖောင်းဖောင်းပြဲံမှ မရောင်ရာဆီလူး
လကုန်ရက် အိမ်ဦးလူ ဖုန်းဆက်လျှင်
စိတ်ပျက်သော သူတွေ။
*ဒို့ ပို့ တဲ့လူတွေ Basic ကြေးငွေကောင်း
O.T ဆို အညောင်းပေါ့ဟယ်
ကြွယ်လိုက်တဲ့စကား နေအေးတပည့်သားများလား
ဒို့ များ ရှိတာဆွဲပေါင် အရဲကိုးလို့ 
ဟော......အခုတော့ over လိုက်ရတဲ့ stay
အေးဂျင့်ထားတဲ့ အဆောင်မှာ ခွေနေလိုက်ကြတာတဖုံ
ရွာကအိမ်တွေ လူမကုန်သေးသမျှ
ပို့လိုက်ကြတဲ့လူ မစင်မကြောက်တဲ့
ဝက်လိုသူတွေ။
*ဒုက္ခ ဖြစ်ကျိုးအမှန်(သစ္စာ) ဒုက္ခ ဖြစ်ကြောင်းတရား
ဂရုမထား ယား'စား'နံ'ကြား'မြင်
ငါးပါးခွင် အပြင်ဧည့်သည်နဲ့ 
မိတ်ဖက်သော သူတွေ။
*သူတွေ....။
*သူတွေ....။
*သူတွေ....။

*မြစ်တစ်စင်းလို ကောက်ကွေ့ ခြင်းတွေ
ဒီသက္ကရာဇ်တွေအပေါ်ဖြတ်သန်းစီးဆင်းနေချိန်။
*မေ့ထားမရတဲ့ မနေ့ က အတိတ်ကို လည်ပြန်ငေးရင်း
ခြေတစ်လှမ်း ချနင်းလိုက်ပြီ ဒီလိုနေ့ သစ်အပေါ်။
*ဆင်သွားပြီးတဲ့ လမ်းလို ပြေပြစ်မှုတွေ ရှိမယ်
ပိုင်စိုးပိုင်နင်း နမ်းရှုံ့ ကြမယ့် ပုတ်ခုတ်မှုတွေ ရှိမယ်။
*မဟာဇနက လို ဥပုဒ်နေ့ တွေ ရှိမယ်
ဝမ်းသာစွာရယ်မောရမယ့် ကျောက်ဖျာချပ်တွေ ရှိမယ်။
*ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်လို ချုပ်တည်းမှုမျိုး
ယောကျာင်္းတန်မဲ့  ထွေခင်းရှိုက်ငို ကစားရမယ့်နေ့ ဆိုးတွေ ရှိမယ်။
*ဘယ်လမ်းကို စားသုံးကြမယ်
မာယာများတဲ့ ပစ္စုပ္ပုန်လမ်း အသွယ်သွယ်မှာ
အဆိုးချည်းသက်သက် ထင်ကျန်စေ မှာတဲ့လား။
*သံသရာ ဒီလမ်းမှာ ခြေတစ်လှမ်း ချနင်းပြီးမိပြီပဲ
ဝင်လာပြီးမှတော့ အပြန်စခန်း မရောက်ခင်
ဒီလမ်းပေါ်ခြေရာလေးတစ်စုံ နှင်းအပ် ထားခဲ့ချင်တယ်။
အဆွေရော နောက်သားအတွက် ခြေရာလေးတစ်ကွက် မပေးဆပ်ရဲ ဘူးလား။

အထိန်းကွပ်မဲ့လို့ 
ဒီမနက်ကို မကြည့် ဘဲ
မရဲတမ်းဇွတ်မှိတ် နေခဲ့တယ်။
ဝါးစိမ်းလုံး ဇက်ပေါ်ထမ်းပြီး
သူ့ နဲ့ နီးနိုင်သမျှ
ခပ်နီးနီးကပဲ နေမိခဲ့တယ်။
ခရီးထဲမှာ
လိုက်ပို့ ပါတယ်ဆိုသူ တွေထက်
ပိုပြီး ပို့ လိုက်တယ်။
ခြောက်ပေ ကျင်းကြား
နားနေလိုက်ပြီပေါ့။
မနေ့ တွေ့ တောင် အကောင်းကြီး
နားကြီးကြီးနဲ့  နာပြီးကာမှ
အာမဘန္တေ ခံယူသွားလေပြီတဲ့။
မမြဲတမ်း တည်မြဲနေတဲ့ တရား
ဘာဝနာလေးတောင် မပွားလိုက်ရ
ရိုင်းလိုက်တဲ့ သူ့ ကြမ္မာ။
ကိုင်း...မကြာခင် ငါ့အလှည့်ပ
ထူခဲ့ သမျှ
အတိုးချ ပြေးလိုက်အုံးမယ်
(သိသာလှပါတယ် အဆွေတို့ ရာ)
နီးရာကျောင်းသာ ညွှန်းကြပါတော့။

#ဒီနေ့  ရင်အစုံဆီ အမည်မသိတဲ့  ဝေဒနာတွေ
တလှပ်လှပ်နဲ့ တိုက်ခတ် ခံစားနေရတယ်။
ကိုယ့်ကိုကိုယ် အံသြလို့  မဆုံးတော့ပါ
ခဏတာ ခဲတစ်လုံးက ၈နှစ်လုံးလုံး
တည်ငြိမ်နေတဲ့  ငါရင်ဘတ်တစ်ပြင်လုံးကို
ဂယက်ခတ် နိုင်စေသတဲ့ လား။
#''ရာဇ၀င်ထဲက မပဋာမျိုး အဆိုးတွေ ခံစားနေရတယ်''တဲ့ 
ညက သူ(မ)သတင်းစကား ငါ့ဝိဥာည်ကို
အင်အားကုန် ဖျစ်ညှစ်ခံရသလို
စိတ်ဓာတ်တွေ မည်းညစ်မွန်းကျပ် သွားစေခဲ့တယ်။
#ဒီနေ့ မှ တစ်လနေလို့  မရွာတဲ့ မိုး
အငြိုးနဲ့  ငိုချင်ရက် လက်တို့ သလို
သဲကြီးမဲကြီး လာပြီး ရှိုက်ငိုညည်းပြနေတယ်။
#တစ်နှစ်ပတ်လုံး ပုံမှန်ကြီး ရင်းနှီးနေတဲ့ အလုပ်ထဲ
အာရုံမရောက် စိတ်မဖြောင့်ဘဲ
သူ(မ)လိုပဲ ခြောက်ခြားနေခဲ့ရတယ်။
#တိုင်းတပါးမှာ နိုင်ငံခြားသားတွေ အတွက်
ရက်ဆက်စရာ အလုပ်ခက်တာ သိပေမယ့်
လက်မဲ့နေတဲ့ သူ(မ)အတွက်
ဆုတောင်းပေးနေ မိတယ်။
#အားငယ်တတ်တဲ့ အမျိုး သူ(မ)တို့ တွေ အနားမှာ
ငါမရှိနေတာကိုက အားမရ စရာ
အလိုမကြမှုတွေနဲ့  မချိတင်ကဲ
စိတ်ဆင်းရဲ နေရတယ်။
#လေးဖြူပြောတဲ့ သံယောဇဉ်ဆိုတာ
ဒီလိုနေ့ ရက်မျိုးမှာ ငါ့အတွက်တော့
အအိပ်ပျက်စေတဲ့ အဆိပ်ဆေးလေး တစ်ခွက်ပါပဲ။
အလင်းနှစ်နဲ့  ကျော်ဖြတ်လို့ ရမယ်ဆို
အားဖျော့နေတဲ့ သူ(မ)ရဲ့ လက်ကလေးကို
နွေးနွေးထွေးထွေး ဆုပ်ကိုင်ပြီး
ဒီအခု နေ့ ရက်ဆိုးတွေက
ခုန်ကျော် ခေါ်ဆောင် ယူသွား ပေးချင်မိတော့တယ်။
ကြောင့်ကြဆင်းရဲ ချောက်ချားလို့ ။
ဝမ်းတစ်ထွာထဲ ပြည့် တင်းတော့လဲ
ရင်ပြည့် ရင်ကယ် မအီမလည်ပြန်ရော။
အရှိနဲ့ အသိကို ချိန်ကိုက်ညှိကာမှ
နဂိုဒုက္ခထက် အပိုဒုက္ခက ကြီးစိုးနေခဲ့။
ချိုပါတဲ့ အုန်းရည်ကိုအပိုအားခဲ
ရေခဲရိုက်သောက်အုံးမယ်။
နှမ်း ဆားထောင်း မပါရင်
ကောက်ညှင်းပေါင်းလို့  မသတ်မှတ် ချင်မိကြတော့။










