ပျံသန်းခြင်း သီအိုရီ



''အမိရင်ခွင်ကနေ တိုင်းတပါးကို ပျံသန်းထွက်လာတာချင်း အတူတူ
တစ်နေ့ နေ့  အမေ့အိမ်ရာ အပြန်လမ်းဆီ ဘယ်လို ပုံစံနဲ့  ပြန်ကြမလဲ။
ပျံ = အထက်သို့  တက်ခြင်း(မူလနေရာထက် ကျော်လွန်ပြီး)
ပြန်= ဆုတ်ခွာခြင်း(မူလနေရာ ဆီ)
ရပင့်နဲ့  ပျံ မှာလား။ယရင့် နဲ့  ပြန်ကြမှာလား။
ဘယ်လိုပြန် ကြမှာတုန်း။?''
မြန်မာ့အားမာန် အခမဲ့ သင်တန်း ကျောင်းထိုင် ဆရာတော်ရဲ့  သဘောပါတဲ့ ဆုံးမစကား အတိုချုပ်လေးပါ။အတိုလေး ဆိုပေမယ့် သေသေချာချာတွေးမိရင် တကယ်တမ်း နက်ရှိုင်းလှပါပေတယ်။အရှေ့ တောင် အာရှနိုင်ငံထဲမှာ ဘယ်နေရာသွားသွား ကျွန်တော်တို့ မြန်မာတွေက သူအခြားထက် ခြေတစ်လှမ်းသာ ကြတာချည်း။အလုပ်ထဲမှာလဲ သဋ္ဌေးတွေရဲ့ နေရာပေးခြင်း ခံရသူတွေ ချည်းပါပဲ။ကိုယ်ဆီကိုယ်ဆီ အရည်ချင်းပြည့် သူတွေ ချည်းပါပဲ၊ဒါပေမယ့် ဒီမလေးရှားမှာ အလုပ်လုပ်နေသမျှ ငွေမရှားပါဘူးလို့  ၈၀%မြန်မာတွေက တလွဲဆံပင်ကောင်းနေကြဆဲ။ရေရှည်ရော ဒီမှာပဲ နေထိုင်သွားကြတော့ မှာပဲလား။ချက်ကြိုးဖြတ်ခဲ့တဲ့ ရွာ၊အမေနဲ့ တစ်အိမ်ကျော်က လူတွေကိုရော မလွမ်းကြတော့ဘူးလား။ရွှေမြန်မာတွေ အလုပ်လုပ်ရင် သူတပါးထက် သာသလိုပဲ အသောက်အစားမှာလဲ နှာတစ်ဖျား သာကြပါပေတယ်။ကိုယ်အိမ်ရှင်ဖြစ်ရင် နီးရာ မြန်မာဆိုင်က အဖျော်ယမကာနဲ့  ဧည့်ခံကြသလို ကိုယ်ဧည့်သည် ဖြစ်တော့လဲ ယမကာနဲ့ ပဲ စကားပြောဆို ကြတော့တယ်။အရက်သေစာနဲ့ ဧည့်ခံပြူစုကြတာ မြန်မာ့ ဓလေ့ထုံးစံတစ်ခုလို ဖြစ်နေကြလေပြီး။ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်ဆိုတာ ဦးငွေကိုင်ရေးတဲ့ ရှေးဟောင်း ပန်းချီကားတစ်ချပ်လို ရှားပါးသွားခဲ့ ကြပြီးဗျာ။
တစ်လလုံးလုံး လုပ်စာရဲ့  သုံးပုံ ပုံ နှစ်ပုံခွဲက စားသောက်ဆိုင်ထဲရောက်ကုန်ကြတယ်။
လကုန်ရက် အကြွေးဆပ်ပြီး ယင်းဆိုင်ပေါ်မှာပဲ ၁၀၀..၂၀၀ဖိုးထပ်သောက်
ဒီနေ့ အကြွေးလျော် ဒီနေ့ အကြွေးတင် နေ့ မကူး လူငယ်တွေ တွေ့ရသလို
ု၁၀၀..၂၀၀ကျန်နောက်လထပ်ပေါင်းလူလူချင်းဆိုင်ရှင်ရဲဟောက်မာန်မဲမှုကိုခံရတဲ့
ကျန်ထပ်ပေါင်းလူငယ်တွေ မနည်းလှပါ အတော်များများပါပဲလား။
ယနေ့ လူငယ် နောင်ဝယ်လူကြီးအတိုင်းဆို တစ်နေ့ နေ့  ဒီနိုင်ငံမှာ နေလို့ မရတော့တဲ့အချိန်
လူကြီးဖြစ်လာရမယ့် နိုင်ငံခြားပြန် လူငယ်တွေနဲ့ မျိုးဆက်ကလေးတွေရဲ့ အနာဂတ်ဟာ စိုးရိမ်ဖွယ်ရာပဲ။ယမကာဆိုင်ကို အတိုင်းထက်လွန် အားပေးပုံများ မလေးရှားမှာ
နောက်၃..၄နှစ်ဆို မြန်မာ့ယမကာဆိုင်တွေ ပုဂံဘုရားပေါင်းထက် ကျော်သွားလောက်တယ်။
တစ်လလုံး စိတ်ဆင်းရဲ အဆဲဆိုခံ ရခဲ့တဲ့လခငွေ လကုန်လို့ အိပ်ကပ်မှာ ၅ကျပ်တောင် မကျန်ကြတော့ဘူး။တန်ပါ့မလား။ချွေးစက်တွေ နှမျောစရာကြီးဗျာ။
သက်တမ်းရင့် အစ်ကိုက လူသစ်ညီတွေကို ဘီယာနဲ့ စ အရက်နဲ့ အပိုင်သိမ်း၊ ညီက အစ်ကို့ ကို ပုခုံးချင်းယှဉ်နဲ့ ။ဒီချိန်ဆို အိမ်က အမေ့မင်္ဂလာဦး စိန်နားကပ် အပေါင်ရှုံးလုပေါ့။
အမေ့အိမ်ကိုပြင်ချင်တဲ့မျှော်လင့်ချက်တွေ မြေမြုပ် ပစ်ကြပြီလား။မလေးရှားဟာ
ငွေရှာရမယ့်နေရာလေးပါ။မျှော်လင့်ချက်တွေ စိတ်ကူးတွေ သဂြိုလ်ပစ်ရမယ့်
သင်းချိုင်းမြေဟုတ်လို့ လား။မလေးရှားဟာကျွန်တော့်မြန်မာတွေရဲ့  ဘူမိနက်သန်နယ်မြေလေးပါ။
ကျွန်တော်ဝမ်းစာ ရှာစားနေလို့  ကောင်းကြောင်းပြောနေတာမဟုတ်ပါဘူး။
ပြီးခဲ့တဲ့တစ်ပတ်က တွန်းအားတစ်ခုကြောင့် မလေးရှားစင်ကာပူနယ်စပ် ဂျိုးဟိုးဘာရူးမြို့ လေး ကိုရောက်သွားတယ် မြန်မာ့သာသနာပြုဘုန်းတော်ကြီးကျောင်းမှာ
စင်ကာပူကနေstayရှောင်လာကြတဲ့ သူတွေတည်းခို နေကြတာကိုတွေ့ ရတယ်။
စင်ကာပူမှာအလုပ် ခက်ပုံကိုပြောပြကြတယ်။ဘွဲ့ တစ်ခုဒီပလိုမာတစ်ခု
လုပ်သက်ငါးနှစ်အထက်ရှိမှ အလုပ်အတွက်မျှော်လင့်ခွင့် ရတယ်တဲ့။
အလုပ်လျှောက်ရင်လဲအေးဂျင့်လက်ထဲကိုယ့်ချွေးစက်တွေငွေပေးပြီးအလုပ်အပ်ရတယ်။
စင်ကာပူဒေါ်လာ၃၈၀၀ ၄၀၀၀ပေးရတယ်။အလုပ်ရတော့လည်းသုံးလ အစမ်းခန့် ပဲတဲ့
အလုပ်ပြုတ်ရင်ဒေါ်လာလေးထောင် မလေးငွေ ကိုးထောင်နီးပါး ဆုံးရောတဲ့ဗျာ ။
တချို့ အေးဂျင့်တွေကျတော့သူဋ္ဌေးနဲ့  ပေါင်းပြီး လေးထောင်ယူ သုံးလပြည့် အလုပ်ဖြုတ်
နောက်ထပ်လူ ၄၀၀၀ယူနဲ့ လိမ်စားနေကြတယ။် အင်တာဗျူး ခေါ်ရင်လည်း ခုံနေရာလေးပြရုံနဲ
့ဒေါ်လာ၅၀ မြန်မာချင်းကောက်ဝါး သွားသေးတယ်။အလုပ်လျှောက်လို့ မကျရင်လည်း
ဒေါ်လာ၂၀၀နုတ်ယူထားပြန်ရော။ မလေးရှားလိုမဟုတ်ပါလား။မလေးရှားမှာဆို ပါမစ်ရှိလည်း
အလုပ်အဆင်ပြေ အိုဗာစတေးလည်း ငွေရွှင်လို့ ပါပဲ။ဒီလိုမခက်ခဲတဲ့ နိုင်ငံမှာပျံသန်းနေတဲ့ 
ရွှေငှက်တွေ အပြန်လန်းဖို့ စုစုဆောင်းဆောင်း မလုပ်သင့်ဘူးလား။ဧည့်စာရင်းမတိုင်ရတိုင်း ကိုယ့်အိမ်ကိုယ့်ရာလို့  မသတ်မှတ်ပါနဲ့ ခဏတာလေးမှာ ဘင်္ဂလားကိုခွေး နီပေါကိုနွား
ကိုယ့်ကိုကိုယ်တော့ ရွှေဆိုပြီး မာန်တက်နေမှာလား။အပြန်ခက်နေတာလည်း စဉ်းစားကြည့်ပါအုံး။
လကုန်ရက်ဆို အိမ်ကဖုန်းဆက်ရင် စိတ်ဆိုးကြတယ။် သားငွေမပို့ နိုင်လို့ ဖုန်းမဆက်တာပါတဲ့။
ဒါဆိုဆယ့်နှစ်လရာသီမှာဘယ်လိုလမျိုးက သားဖုန်းဆက်မဲ့လ လဲတဲ။့ အမေမမေးရုံတမယ်ပဲ။
မြင်နေရတော့ခက်လှတယ်ဗျာ။ ဒီလိုအနေအထိုင် အလုပ်အကိုင်ပြေပြစ်တဲ့ မလေးရှားလို
နေရာမျိုးမှာ ရတုန်းစုစေချင်တယ်။အပြန်လန်းအောင် ရွှေငှက်တွေကို အကြံ ပေးချင်တယ်ဗျာ။
ဆရာတော်ပြောတဲ့ရပင့်နဲ့ ပျံသန်းစေချင်တယ်။ခူးဆွတ်ရမဲ့ရာသီလွန်မှ လက်ထဲမှာရှိတ
ဲ့တံကျူဟာ အသုံးဝင်တော့မလား စဉ်းစားစေချင်တယ်။
''အခွင့်သာခိုက်မှာ မလိုက်လျှင်အမိုက် နင့် အပြစ်ရှိမည်လော။
အခွင့်သာတုန်းမှာ မရုန်းလျှင် အရှုံး နင့် အပြင် ရှိမည်လောတဲ။့''
ရဟန်းစာဆိုတပါးရဲ့  အမှာစကား ရွှေငှက်တိုင်းကြားဘူး မှာပါ။အကြံပေးတာပါ။
ရွှေငှက်တွေကမရုန်းတာတော့မဟုတ်ပါဘူး။ရုန်းကြပါတယ်။
ဖြုန်းတာလေးပဲပြောစရာရှိတယ်။နွားမကျောင်းစမ်းပါနဲ့  ကွာလို့ တော့အပြစ်မတင်စေချင်ပါဘူး။
အမှန်နဲ့ အမှားဆိုတဲ့ အကွာအဝေးဟာ လောကမှာတစ်စက္ကန့် ပိုင်းလောက်ပဲခြားတာပါ။
မှန်တဲ့လူမှား
ဖို့ စက္ကန့် ပိုင်းပဲလိုသလို မှားတဲ့လူမှန်ဖို့ လဲ စက္ကန့် ပိုင်းပဲ လိုတာပါ။
အဲဒီတော့ မှားတဲ့လူကို လမ်းမှန်ရောက်အောင် ဖေးကူမဖို့ လဲမမေ့နဲ့ နော်။
ဘ၀ဆိုတာပိုက်ဆံမပေးရတဲ့စာသင်ကျောင်းပါပဲ။ အခက်အခဲဆိုတာ စာမေးပွဲတွေပေါ။့
အဲဒါကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ရင်လူတော်တစ်ယောက်လို့ သတ်မှတ်ခံရလိမ့်မယ။်
ကျရှုံးခဲ့ရင်လည်း ထပ်ဖြေလို့ ရသေးတယ်အသက်ရှင်နေသရွေ့ပေါ့။
ဆရာသဲအောင်ရေးထားတာပါ။
အမှန်တော့ ပျံသန်းနေကြ ရတာချင်း အတူတူပါ။
ဘယ်လိုအမြင့်ကို ပိုရောက်အောင်ကြံဆကြ မလဲ။ကိုယ်ဝမ်းနာတိုင်း ဘယ်ဟ၀ှာ
ဘယ်ပုဂ္ဂိုလ်မကောင်းကြလို့  အပြစ်မတင်စေချင်ဘူး။ပြန်လှမ်းလာမဲ့ သားကို
အမေကြိုနေပေမယ့်ပျံသန်းလာတဲ့သားကြောင့်အမေ့မျက်စိနှစ်လုံးအလင်းရစေချင်တယ်။
လက်ထဲမှာကိုင်ထားတဲ့ တံကျူကို အဓိပ္ပာယ်ရှိစေချင်ပါတယ်။ရွှေငှက်တွေအားလုံး
ဆရာတော်ပြောတဲ့ ပျံသန်းခြင်း နိယာမနဲ့  တစ်ခုတည်းသော အဖြေမှန်ရနိုင်ကြပါစေ။
ဥက္ကာပျံ(ဘီလူးကျွန်း)

0 Response to "ပျံသန်းခြင်း သီအိုရီ"

Post a Comment