အရည်ကူးခြင်း၏ မိုင်တိုင် အဆုံး


၁၃.၈.၁၀(သောကြာနေ့)


“အဖြစ်အပျက်.. တော်တော်များများဟာ
ရည်ရွယ်ချက်..မရှိ …မရည်ရွယ်ပါပဲ
ဖြစ်ပျက်…သွား..တတ်ကြတယ်၊
အရည်ကို.. လက်နဲ့.. ယက်လှော်
အသူရာနတ်တို့.. အိပ်တန်းဝင်တဲ့.. ကျွန်း..ဆီကို
မင့်ကိုယ်မင်း ဒိုင်ဗင်ထိုးဆင်း
စာရင်းဝင်….. လိုက်ပြီးပေါ့။
”…..
တိုင်ကပ်နာရီက ၉နာရီထိုးဖို့ ၁၀မီနစ်အလို။ဒီအချိန်မျိုးက လူစုံတက်စုံ
ဆိုင်တံခါးရွက် ဆွဲဖွင့်တဲ့ အချိန်မျိုးဖြစ်တယ်။ဆိုင်ထဲက ပါကင်ထိုးထားတဲ့ ကားတွေကို
“၀ူး”ကနဲ့မောင်းထွက်မယ်၊ “ကလဲကလဲ”နဲ့လက်ဆွဲဂျိုင့်ဆွဲထုတ်တဲ့ အသံတွေ
နေ့စဉ်ထုတ် သတင်းစာတွေလုဆွဲဖတ်တဲ့ အချိန်မျိုးပေါ့။ဒါက နိစ္စဓူဝ ပုံမှန် ဖြစ်စဉ်ရယ်ပါ။
ဒီနေ့မှ ဆိုင်းမပါဗုံမဆင့် မိုးဖွဲလေးတွေ သည်းလိုက်လေရယ့်။ကားပြင်တဲ့ လူတွေ အဖို့
မိုးရွာပြီဆို နီးရာခုံဆွဲထိုင် တောင်စဉ်ရေမရ အတွေးနယ်ချဲ့ နေကြလျက်တာချည်းပဲ။
အလုပ်ပါးလွန်း ပါဘိနှယ်။
“အဖြိုး…..အဖြိုး..”
ကိုယ့်အာရုံနဲ့ ကိုယ်မို့ ရုံးစာရေး ခေါ်သံကို လန့်ဖျပ် စိတ်ပျက်သွားတယ်။
“မယ့်ဆီ..ဂေါင်” (ဘာလဲ ..ပြော)……..ဟု ထူးမခြားနား ထူးလိုက်တယ်။
“တယ်လီဖုန်း” လို့ ဖုန်းလာကြောင်း ရုံးစာရေးက ပြောတယ်။
ကျွန်တော်လဲ customer ဖုန်းခေါ်တယ် အထင်နဲ့ “ok ..ok” ဆိုပြီး ရုံးခန်းထဲ ဖုန်းရှိရာ
အပြေးတစ်ပိုင်း ၀င်သွားတယ်။
“ဟလို ကိုဖြိုးလား” “အင်.. ပြောညီ…. ဘာအကူညီ ပေးရမလဲ” ။
“ကိုရန်ရန်… ရှောသွားပြီးဗျ” ။“ဟေ” “မင်းစကားက ဟုတ်ပါ့မလား”
“ဟုတ်တယ် အစ်ကို ၊ဒီမနက် ၄း၀၀နာရီလောက်ကတဲ့၊ သူ့အိမ်မှာပဲ ရှောတာတဲ့
အတိကျတော့မသိဘူး ၊ ခုပဲ ကိုမင်းမင်း ဖုန်းဆက်တယ်။”
“ok ..အခု သူနဲ့ အနီးနားမှာ ရှိတဲ့ အသိ တစ်ယောက်ဆီ ဖုန်းဆက်မေးကြည့်လိုက်မယ်၊
ဒါပဲနော်…ညီ”..။
“ဟာာာာ”…သွားပြီး တစ်ယောက်။ရေထဲက ငါးကို ကုန်းပေါ် ခေါ်တင်ထားသလိုပဲ
ကျွန်တော့် ရင်ဘတ်ကြီး တလှပ်လှပ် တုန်လှုပ်သွားတယ်။


“ဟလို….ကိုမောင်မောင်၊
ရန်ရန် ရှောသွားပြီးဆို ..တကယ်ပဲလား။”
“အေး…ဟုတ်တယ်..။
“ဟုတ်ပါ့မလား…သူက သဘောကောင်းပါတယ်၊စိတ်ဓာတ်လေးလဲ ဒီလောက်ကောင်းတာဗျာ”၊
“အေး..အဲဒါ ဟိုတုန်းက..မင်းနဲ့ စ,သိတုန်းကလေ”။
လွန်ခဲ့တဲ့ ၃နှစ်လောက်က အသားညိုညို ၊ ဥပဓိရုပ် ခပ်ဖြောင့်ဖြောင့်
သြဇာအသံထွက် ကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို သိကျွမ်းခဲ့ဘူးတယ်။
ပြည်သား ဇာတိက ‘ပြည်မြို့’။အသက် ရှိလှ ၂၈…၂၉ လောက်ပါပဲ။
သူရယ်မောတဲ့ အခါ သူ့ရဲ့မျက်လုံးတွေက ပွင့်လင်းရိုးသားတဲ့ အရောင်လက်တယ်။
စကားပြောနေရင်း ပြုံးတဲ့ သူ့မျက်လုံးက ခင်မင်ရင်းနှီး ချင်စရာ ကောင်းတယ်။
တစ်ခါတစ်ရံ သူရဲ့အပြုံးက မာကျောလွန်းတယ်။လူတွေကို ကူညီတတ်တယ်။
အထူးသဖြင့် အလုပ်လက်မဲ့ “ဂိန်”နေတဲ့ လူတွေကို အလုပ်ရှာပေးတတ်တယ်။
သူ့နယ်(ဒီမလေးရှား) တခွင်မှာ ရန်ရန်ဆို လမ်းတွေ့ လူတိုင်း နှုတ်ဆက် တတ်တယ်။
“အင်….ကိုမောင်မောင် ဘယ်လို ဖြစ်ကျတာလဲ”
“အာ..ဒီကောင်တွေ အိမ်မှာ ညတိုင်း ၀ိုင်းဖွဲ့ ပြီး သောက်စားနေကြတယ်၊
ညက သူတို့ ပုံမှန် အရက်ဝိုင်းဖွဲ့ သောက်စားနေကြတယ်။မနက် ၃နာရီ ကျော်လောက်မှာ
“အုံး..ဒိုင်း”..အသံတွေ ကြားရတယ်တဲ့”။ “ဟုတ်လား..ဘယ်သူတွေ ကြားရတာလဲ”၊
“သူတို့အိမ် အပေါ်ထပ် အခန်းမှာ ငှားနေတဲ့ လင်မယားက။
ဒီကောင်တွေ ညတိုင်း မူးပြီး ဆူညံသောင်းကျန်း နေကျပဲတဲ့.. “ဟေ့ ကောင်ရေ”၊
“ဆိုတော့က လင်မယားနှစ်ယောက်လဲ အောက်ဆင်းမကြည့် ကြတော့ပဲ အခန်းမှာပဲ ဆက်အောင်းနေတော့တယ်။”
“ဘယ်သူ တွေနဲ့ သောက်နေကြတာလဲ” ။ “ကုလားတွေ နဲ့လား”။
“မဟုတ်ဘူး….ခု သူနဲ့ စုပြီး ငှားနေကြတဲ့ သူ့အိမ်က
ကောင်တွေ နဲ့ပဲ။…သူတို့ကို မင်းမသိပါဘူး” ။
“ရန်ရန်က ဘာဖြစ်သွားတာလဲ”
“လေဖြတ် သွားတာလား”။ “ဘယ်ကလာ…မင်းက သူ့ကို အထင်ကြီး လွန်နေပြီး”
“မနက်ပိုင်း အပေါ်က လင်မယား နှစ်ယောက် အလုပ်သွားဖို့ အောက်လှေကား အဆင်း
လှေကားရင်းမှာ ဒီကောင့်ကို ခြုံစောင် တစ်ထည်နဲ့ အုပ်ထားတာ တွေ့လိုက်ရတယ်။
ဘေးနားတစ်ဝှိုက်မှာ သွေးတွေ အိုင်ထွန်းနေတယ်။သောက်ဖော် ရွှေအချင်းချင်း
ရိုက်သတ်သွားတာ” ။
“ဟ…ဒါဆို အသတ်ခံရတာပေါ့..”။
“မင်းကတော့ လုပ်ပြီး…သွေးတွေနဲ့ သေနေပါတယ် ဆိုမှ…ငါက မင်းကို
ဘုရားစူး…အသတ်ခံရပါတယ်လို့ ကျိန်ပြနေရအုံးမလား “လဒ”…ရ ”။



“အမှားကို သိရုံ…နဲ့
အမှား… မထိဘူးလို့ မမြင်စေနဲ့၊
ည…တာရှည်ရင် အိမ်မက်တွေ..များမယ်
အိမ်ရေးဝ…ဖို့ကျ..ကိုယ့်စိတ်ကို..ကိုယ်,
..ချည်တုပ်ထား…ရမှာပဲ။
ကမ္ဘာကြီး…လည်နေသမျှ,
..ပတ်ဝန်းကျင်က..အရောင်ပြောင်းနေမှာပဲ၊
ကိုယ့် ..အရိပ်ကို… ပြန်ခိုနေတဲ့ ..အပင်ကြား
အမေ့ဖ၀ါးနဲ့ ချော့သပ်ဘူးတဲ့…ဦးခေါင်း,
နားအရောင်လိုက်…အသိတရား…ပြောင်း…သွားရတယ်..လို့
“တောက်”…..ပျော့ညံ့..လွန်းတယ်။”

“ဗုဒ္ဓေါ”…
“ကိုမောင်မောင်ခုဖြစ်တာက အပြင်က ရန်ငြိုးကြောင့်လား”။
“မင်းကွာ..ပိန်းပြီးရင် ပိန်းနေတော့တာပါပဲလား။ သူ့အိမ်ခေါ်တင်ထားပြီး
အတူသောက်နေတဲ့ သူ့လူရင်းတွေက သတ်သွားတာလို့ပြောကျတယ်။
ဘယ်တစ်ယောက်လဲတော့ ငါလဲ မသိဘူးကွ”။
အားငယ်တဲ့လူကို အားပေးထိန်းကျောင်းတတ်တဲ့ မင်းရဲ့အကျင့်ကောင်းက အရက်ကျွန် ဖြစ်နေတဲ့ အပေါင်းသင်းကိုမှ အထိန်းကျောင်းမှား မိလေတယ်။
Do not love the unvirtuous too much ၊ Even thought praised highly,
The wicked may act impolitely and boisterously.
စိတ်ထားမကောင်းသူ(သူယုတ်မာ)ကို အချစ်မလွန်ရာ။
ထိုသူတို့သည် ထိပ်ပေါ်တင်ရွက် မြှောက်စား ခံရသော်လည် မချေမငံ ဆူပွတ်ညံ ပြုတတ်၏။
အိမ်ပေါ် ခေါ်တင် ထားရလောက်အောင် မင်းစိတ် မင်းနိုင်လို့လား။
ပင့်ကူတွေဟာ သူတို့ပြုလုပ်ထားတဲ့ ပိုက်ကွန်မှာပဲ အိပ်စက် ကြသလိုမျိုး
အရက်ကျွန်တွေကြားမှာ အရက်နွံ အနစ်ခံ အိပ်စက် ရတယ်လို့ကွာ။
ဒီအဖြစ်ကို ကြားတော့ တော်တော်လေး တုန်လှုပ်သွားတယ်။
ကျီးသဲဆရာတော် ရေးတဲ့ ပေါရာဏိက ကထာကျမ်းထဲ ဖတ်ခဲ့ဘူးတဲ့
သန်းနဲ့ကြမ်းပိုးပုံပြင်ကို ပြေးမြင်မိတယ်။
ရှေးအခါက ကောသလမင်းကြီးရဲ့ ၀တ်လဲတော်မှာ အာသဠလို့ ခေါ်တဲ့
သန်းတစ်ကောင် နေတယ်။အိပ်တဲ့ မွေ့ရာအောက်မှာတော့ စဏ္ဏလို့ခေါ်တဲ့ ကြမ်းပိုးနေတယ်။
တစ်နေ့ ဒီသန်းနဲ့ ကြမ်းပိုးတို့ မွေ့ရာအထက်မှာ တွေ့မြင်ကြတော့ ကြမ်းပိုးကမေးတယ်။
“အဆွေ အာသဠ သင့်ရဲ့ကိုယ်က ၀ါဂွမ်းသားလို ညက်ထွားဖြူစင် ၀လင်လှတယ်။
ဘယ်သူ့အသွေးသား သောက်စားရလို့လဲ” ဟု မေးတော့ သန်းက ဒီလို ဖြေတယ်။
“အဆွေစဏ္ဏ ငါက ကောသလမင်းရဲ့ ကောင်းမွန်နူးညံ့တဲ့ အ၀တ်အတွင်းမှာ တွယ်အောင်းပြီး
သွေးကိုသောက်ရလို့ဝလင်ပါတယ်၊သင်ကတော့“မင်း”ရဲ့ မွေ့ရာနေရပါနဲ့
ပိန်ကပ်ကြုပ်လှီလိုက်တာ၊သွေးစ သားစ မသောက်ရလို့လား”။
ကြမ်းပိုးကလဲ “အဆွေ ငါကိုက်ခဲလိုက်တိုင် ဖမ်းဆီးဖွေရှာလှတာကြောင့် ပြေးရတယ်။
တစ်ခါတစ်ရံ မွေ့ရာအောက် ပုန်းရတယ်။တစ်ခါတစ်ခါ ကြမ်းလွှာကြား ပုန်းရတယ်။
ဒီဒုက္ခကြောင့် မ၀ရေစာ ဖြစ်နေရတယ်။အဆွေ အာသဠ သင်နဲ့အတူ ငါနေပြီး
မင်းကြီးသွေးကို သောက်ပါရစေ” လို့ဆိုတော့ သန်းက..
“အချင်း စဏ္ဏ မင်းကြီးရဲ့ကိုယ်တော်က အသားရေအလွန် မွေ့ညက်တယ်။
ငါတို့က သိမ်သိမ်မွေ့မွေ့ ကိုက်ပြီး သွေးကိုသောက်တာကြောင့် မင်းကြီး မသိ၊
သင်တို့မူက ရုန့်ရင်းစွာ ကိုက်တတ်တာကြောင့် ချက်ချင်း သိပြီး ရှာဖွေလိမ့်မယ်။
ငါနဲ့အတူနေပြီး ကိုက်ရင် မင်းကြီးနိုးပြီးထရှာ လိမ့်မယ်။ငါက အပြေးနှေးတယ်၊အသင်က
အပြေးမြန်လို့ သင်ခဲသော ဒဏ်ကြောင့် ငါအသတ်ခံရမယ်၊ဒါကြောင့် အတူမနေချင်” ဟု
ဆိုတယ်။ ကြမ်းပိုးကလဲ…
“အဆွေ ငါက သင်ကိုက်တဲ့နည်းအတိုင်း ဖြည်းဖြည်းသာသာကိုက်ပါ့မယ်၊ သင်ကိုက်တဲ့ဟန်
နည်းခံရအောင် အတူနေပါရစေ” ဆိုပြီး အ၀တ်တစ်လျှောက် လိုက်တယ်။
သန်းလဲ သူ့ကို သနားတတ်တဲ့ သဘောရှိလို့ လက်ခံလိုက်တယ်။
အတော်ကြာတော့ မင်းကြီး စက်တော်ခေါ်လို့ မပျော်ခင်မှာ ကြမ်းပိုးက ပေါင်တွင်းကို
ဝင်ပြီးခဲ တော့တာပဲ၊ မင်းကြီးလန့်ပြီး ရှာတော့ ကြမ်းပိုးက အပြေးလျင်လို့
ပျောက်သွားတယ်။သန်းကို ဖမ်းမိပြီး မင်းကြီး သတ်ပစ်လိုက်တော့တယ်။
ဒါကိုထောက်ပြီး “လူ့ဘောင်လောကမှာ လူတို့ဟာ အသွင်မတူ၊ အယူအဆ မတူသူ တို့ကို
အကျွမ်းမ၀င်ရာ၊ အတင်းသွပ်တွင်း အပေါင်းအဖက် မပြုရာ ပြုလျှင် ပျက်စီးရ၏”။လို့
စကားပုံစု တစ်ခုကို ဖတ်ဘူးသမျှ ပြန်ပြီးထွက်ကျလာတယ်။
လူ့ပတ်ဝန်းကျင်မှာ မှန်မှန်ကန်ကန်ရှုမြင် တတ်တဲ့ အမြင်မရှိရင်
ဘာလုပ်ရမှန်းမသိပဲ စိတ်ဓာတ်တွေ ပျက်ပြားကျဆင်းသွားတတ်တာပဲ။
အခက်ခဲတွေပြဿနာတွေနဲ့ထူပေါလွန်းတဲ့ လောကကြီးမှာ စိတ်အသိ ကြံ့ခိုင်ခြင်း မရှိရင် စိတ်ဓာတ်ကျစရာချည်းပဲ။
ဒါကိုမှ ထွက်ပေါက်ရှာပြီး အရက်ချည်း ဖိသောက်နေလို့ကတော့ တိုတောင်းပါတယ်
ဆိုတဲ့ လူ့သက်တမ်း ဖယောင်းတိုင်ကို နှစ်ဖက်စလုံး ရှို့သလို သက်ဆိုးဘယ်ရှည်တော့မလဲ။
ပြီးတော့ မူးယစ်စေတတ်တဲ့ ဘယ်အမျိုးအစားကို မဆို အလွန်အကျွံ သုံးစွဲ ခံစားလွန်းတာလဲ
လူရဲ့ အာရုံအသိ သတိတရားကို မေ့လျော့ထုံထိုင်း စေတတ်တာပဲ။ ဒီိလိုမေ့လျော့သူဟာ သူတို့ ဖြစ်ချင်နေတဲ့ ဆန္ဒတွေအတွက် အကြံကောင်းဥာဏ်ကောင်းတွေ ဘယ်လိုလုပ် ထွက်နိုင် တော့မှာလဲ။
အရက်ဆိုတာ ခဏတာ ဇိမ်ခံဖို့လောက်ပဲ အသုံးပြုဖို့ ကောင်းတဲ့ ဇိမ်ခံပစ္စည်း။
အရက် ယစ်မူးနေသူဟာ သူတို့ရဲ့ စိတ်ကို အစိုးမရတဲ့ အဖြစ်ဆီ ရောက်သွားတယ်။
မူးယစ်နေတဲ့ အခါ မဆို သင့်တာတွေ ဆိုရဲ၊ ပြောရဲ နှုတ်မစောင့်မိတော့ဘူး။
အရက်ကို ရေမရော တစ်ချိုက်တည်း မော့သောက်နိုင်တာကိုပဲ လောကကြီးရဲ့
အခမ်းနားဆုံး အမှုကို ပြုနိုင်သူလို့ လွဲမှားတဲ့ မာနတွေ စိမ့်ဝင်လာတော့တယ်။
မပြောသင့် မပြုသင့်တာတွေ ပြုမိပြီး ခိုက်ရန် ဒေါသနဲ့ သတ်ပုတ်တာတွေလဲ ဖြစ်ကုန်တယ်။
အခု မင်းလို ခန္ဓာ အသက်ပါ အဓိပ္ပာယ်မဲ့ ပေးလိုက်ရတဲ့ “ လူတွေ သတ်လို့ လူတွေ သေခြင်းမျိုးပဲ”။


ငါဟာ မင်းရဲ့..စစ်အတွင်းက..သူငယ်ချင်း မဟုတ်ခဲ့ဘူး
ငါဟာ မင်းရဲ့..ကျောင်းနေဖက်..သူငယ်ချင်း မဟုတ်ခဲ့ဘူး
ငါဟာ မင်းရဲ့..ရပ်ဆွေရပ်မျိုး..တစ်ယောက် မဟုတ်ခဲ့ဘူး
မင်း..ခံယူချက်ထဲ စီးဝင်လာတဲ့..ယုံကြည်မှု,
ဘယ်ပုံစံ..နှုန်းထားလဲ…ဘယ်က လာသလဲ။
ဒါပေမယ့် ….
မင်းကိုးကွယ်တဲ့… ဘာသာ..
ငါပြောခဲ့တဲ့ … သဘောတရား..
ခေါင်းတညိတ်ညိတ်နဲ့..
ပြန်မပြော…နားမထောင်…တာတော့
မိတ်ဆွေ တစ်ယောက် မပီသဘူး။

လူတိုင်းကို ကိုယ်လို စိတ်မျိုး ရှိနေမယ်လို့ ထည့်တွက်ထားလို့ မရဘူး။
ဘာကြောင့်လဲ ဆိုတော့ သူရောက်နေတဲ့ နေရာ သူရောက်နေတဲ့ ကာလ
သူ့မှာရှိနေတဲ့ အခက်ခဲတွေက ထပ်တူမညီ ထပ်တူမကျ လို့ပဲ။သမိုင်းဆိုတာ
ကိုယ် အထင်ကြီးလေးစား ကိုးကွယ်တဲ့ အကြောင်း၊ ကိုယ့် ခံယူချက်နဲ့ ဖွဲ့ဆိုထားတဲ့
အကြောင်းအရာတွေပါ။အယူအဆတွေက လူမျိုးချင်းမှာတောင် မတူညီကြဘူး။
လူတော်တော်များများက တစ်ပါးသူရဲ့ ခံစားချက်ကို မမြင်တတ်ကြဘူး။
မိမိရဲ့ လိုချင်တပ်မက်မှုကိုပဲ ရှေ့တန်းတင်တတ်ကြတယ်။
“ငါ ဘယ်တုန်းက ဘယ်သူ့ကို ကူညီခဲ့တာပဲ။
ငါ့ ကျေးဇူးတွေ သူ့မှာ တင်နေတယ်။ငါ့ လို့နှစ်ကြီး တစ်ယောက်အတွက် ဘာကိုမှ
ဂရုစိုက်စရာ မရှိဘူး၊အသာကြီးပဲ”။
အဲဒီလို သေးနုံတဲ့ အမြင်အတွေးက ဘ၀အတွက် ဆုံးရှုံးခြင်း အဟန့်အတား ဖြစ်တာပဲ။
အမှန်တကယ် စာနာလို့ ကူညီလိုက်တာကိုပဲ “အတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကံကြောင့် ကောင်းစားနေတာပါ”လို့ ယူဆကြတဲ့ လူတွေရဲ့ သဘော ရှိနေသေးတယ်။
မင်း ဖြန့်မတွေး မိလို့ပါ။လောကနီတိမှာ “ မပြည့်သောအိုးသည် ဘောင်ဘင်ခတ် တတ်၏
ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။” တဲ့
မာနဆိုတာ မိမိကိုယ်ကို မိမိ တော်လှတတ်လှ တယ်လို့ အထင်ရှိတဲ့ စိတ်ခံစားမှု တစ်ခုပါ။
မိမိမှာ ပိုက်ဆံမရှိရင် အများကို ဘယ်လို ကျွေးနိုင်မှာလဲ၊မိမိကိုယ်တိုင် တရားမသိရင်
သူတပါးကို ဘယ်လို လမ်းပြမှာလဲ။ မိမိကိုယ်ကို မိမိ ပြည့်ဝနေဖို့ အရင်ဆုံး
ဖန်တီးထားရမယ်။“မြစ်” မဖြစ်ရင်တောင် စမ်းချောင်းလေး တစ်ခုဖြစ်နေရမယ်။
မရောက်တော့မှာထက် စာရင် နောက်ကျမှ ရောက်လဲ မဆိုးပါဘူး။
ခိုင်မြဲနေရမှာက ရောက်အောင်သွားမယ့်စိတ်။


၁၉.၈.၁၀(ကြာသပတေး)
“ကိုဖြိုး….မနက်ဖြန် ရန်ရန် ရက်လည် ဆွမ်းသွပ်ကြမယ်..”။ “သြော်..ကိုမောင်မောင် ဟုတ်။”
“ဒါနဲ့ သူအမှုက ဘယ်လို့နေလဲ” ။“ အင်း…အလောင်းစစ် ဆရာဝန်ပြောတာတော့
ဦးခေါင်းခွံ အက်ကွဲ ဒဏ်ရာနဲ့ သေတာတဲ့၊ သူ့ငယ်သူငယ်ချင်း အမျိုးတွေ မရှိတော့
အမှုလိုက်မဲ့သူမရှိဘူး၊ ဒီက လူတွေကလဲ ပြည်မြို့ကလောက်ပဲ သိကြတာလေ။
လိပ်စာလဲ မသိကြဘူး..သူမိဘတွေလဲ သိပုံ မရပါဘူး။ပြီးတော့ ရွှေအချင်းချင်း ဆိုတော့
အားလုံးက နှုတ်ဆိတ် ငြိမ်နေကြတယ်၊ လိုက်မဲ့သူ မရှိတော့ ရဲက အမှု ပိတ်လိုက်ပြီးတဲ့”
“ဒါပဲ ဟေ့ကောင်ရေ…ငါလဲ အလုပ်ဆင်းချိန်ရောက် နေပြီး ရုန်းလိုက်အုံးမယ်..ဘိုင်”။
“ဟုတ်….ဘိုင် ”။

လေ…ပေါ်နေတဲ့ သတ္တ၀ါ
လေမှာ..ကျက်စားတာ အမြင်မဆန်း..ပါဘူး,
လေ…မှာ သူတို့ရဲ့… ခြေရာ…ရှာမတွေ့တာတော့…ရင်နင့်..မိတယ်။


ရန်ရန်(ခ)ရန်နောင် ကောင်းရာ ဘုံတစ်ခု ရောက်စေလျက်။
ဥက္ကာပျံ(ဘီလူးကျွန်း)

ယတြာချေ ခဲ့ ရက်

လေ..လုံး မကွဲတဲ့ လောကအလယ်
နောင်တနဲ့ …..ချည်
ကျုံးသွင်းလာမယ့် ဘ၀ဆီ ဇွတ်တိုး မ၀င်ဘူး။

လိုအင်.. စိတ်အိုင် နောက်ကျိ ရုံလောက်နဲ့
ငါ့….ခြေထောက် ဗွက်မပေါက်….ရဘူး။
ငါ့….ကိုယ်ကျင့်တရား မခြောက်ခမ်း….ရဘူး။

အိပ်မက်…တွေ မျှော်လင်..့ မရတော့ရင်၊
နေ့စွဲ...တွေ ထပ်တူမကျ ခဲ့ရင်၊
ခြေလှမ်း…တွေ ပန်းဝင်မရောက် သေးရင်၊
နေ..လနဲ့.ကမ္ဘာကြား….ညှပ် ..မိသလို
နေကြတ် ..မိုက်မှောင် မသွား စေရဘူး။

လမ်းလွှဲ…နေတာ မဟုတ်ရင်တော့


ဥက္ကာပျံ (ဘီလူးကျွန်း)

အလင်းဖျော့ ချိန်

ဝေဒနာ ရောဂါတွေ အထဲမှာ မှ
ငတ်မွတ်မှုနဲ့တောင့်တခြင်းက
ထင်ထင်ရှား အဆိုးဝါးဆုံး ထင်ပေါ်လွန်းလှတယ်။
အတူနေ အိမ်သူ လွန်ပဲ့ပြီးနောက်
တီတီတာတာတစ်ဦး တစ်ယောက်မှ
ကျုပ်အနားနား ရောက်မလာကြဘူး။
ကျုပ်သွေးနဲ့ ဆောက်တည်ခဲ့တဲ့ အာရုဏ်ဦး အလင်းတွေ
ကျုပ်ချွေးနဲ့ ပိုက်ထွေးခဲ့တဲ့ ပိုးစုန်းကြူးလေးတွေ
ပိုင်သူအစုနဲ့ ဖွဲ့သီ ဆိုင်သူကျုပ်ကျ
ငြီးငွေ့မှုနဲ့ မိုးချုပ်လို့။
ခရောင်းလမ်း လောကဓံတရားကို ကိုယ်စားပြု
ဝတ္တရားတစ်ခုအဖြစ် ဖြတ်သန်းလွန်မြောက်ပြီး
နွေဦးပေါက်ကာမှ ဒီသစ်ခြောက်တစ်ပင် အဖို့
ထင်းခြောက်အဖြစ် လောက်တောင်
ကောက်သိမ်း စောင့်ရှောက်မယ့်သူ မဲ့ရသလား။
ဒီနှစ်ပေါင်းတွေမှာ ထုပ်တန်းပေါ်က
စုတ်သပ်နေမြဲ အိမ်မြှောင်တစ်ကောင်ရဲ့ အသံလေးက
သူတို့ အသံ……..
မြေနီလမ်းက ဒုံးစိုင်းပြေးလာနေတဲ့
ဖုန်လုံးတွေက သူတို့တွေများလား၊
အမှတ်သညာမရှိ လက်ရှိကို အမှတ်မှားနေတုန်း။
နှစ်ပေါင်း၆၀ကျော် လည်ပတ်ခဲ့ပြီးတဲ့
တိုင်ကပ်နာရီတစ်လုံး အတွက်
နောက်တစ်ရက် နေ့စွဲ မလိုအပ်ဘူး။
မိုးချုပ်လုပြီး……
ကျုပ်အတွက် ရွှေမလိုဘူး၊ ငွေမလိုဘူး
အဝေးက ချည်ထည်ဆေးစုံ မုန့်ပုံးတွေထက်
အနားက ရေတစ်ခွက်ကို တရှိုက်မက်မက် တပ်မက်နေတယ်။
ကျုပ်က ညခရီးကို ဖြတ်သန်းနေတဲ့
ကန္တရ ခရီးသည် ။

ဥက္က္ကာပျံ(ဘီလူးကျွန်း)

စေရာညွှန်းမှ လန်းးတဲ့စိတ်

အားလုံးရဲ့ အလို လိုက်ကြည့်ပေးရင်း

သူ့စိတ်အလိုကျ ပျိုးထောင်ကြည့်မယ့်

အပင်မျိုးကျ မမြင်ခဲ့ရဘူး။

စိတ်တူပေမယ့် လျှောက်ကြမယ့် တိမ်တွေက

အရောင်တောက်တောက် ဖျော့မှောင်မှောင်

အကြောင်းအကျိုးတစ်ခုခု လိုနေသလို

အနားသတ်မျဉ်းဖြောင့် အစင်းပြိုင်ပြိုင်

ကောက်ကြောင်းမဲ့ ချော်ထွက်နေကြတာက အတ္တ

ရမှာ မရမှာက နောက်ပေါက်ဖြစ်စဉ်

အရိပ်မြင်ရုံနဲ့ အကောင်ဖမ်းလိုက်မယ် ဆိုပဲ။

တွန်းအားနဲ့ဖိအား မမှားစေချင်လို့

ဘာ,ဘာဆို ဘာမှာ မပြောတာကိုပဲ

ဘာကြောင့် ၀င်မပါရကောင်းဆို အပြစ်တစ်ခုလို အဖြစ် ဖန်ဆင်းခြယ်သကြပြန်ရော။

အစ အန ကောက်တတ်လိုက်ပုံ ယုံချင်ချင် မကြုံကျဲကျဲ

ဘာကိုမှ ၀ံ့ဝံ့ရဲရဲ အာမဘန္တေ မပေး ပဲ

ပါးပါးလေး အနေစိမ့်နိုင် စွမ်းအားက

ဒိုင်ယာရီထဲ မြဲမြဲစွဲ ကဲထားတဲ့ မကောင်းတတ်တဲ့ အရိပ်စုပါပဲ။

ဟူးးးးးးးးးးအားနာတတ်ခြင်းက ဘယ်တော့မှ

ခံပြင်းခြင်းပွင့်လင်းမှုမျိုးကို စီးချင်းမထိုးနိုင်ခဲ့ဘူး။

အပြောင်းလဲ မြန်နှုန်းအပေါ်

အလျင်မှီ ရှေ့ဆက်ပြေးတက်ဖို့

ကိုယ်တိုင်ကျင့်ကြံ လိုက်တာမှ

သက်လုံကောင်းကောင်း ရှိုက်ခွင့် ရအုံးမယ်။

ကမ္ဘာမြေကြီး လည်ပတ်နေသမျှ

လုံးချာလိုက်နေကျအုံးမှာချည်းပါပဲ

ဦးလေးရေ…….

မရောက်တော့မှာထက်စာရင် နောက်ကျမှ ရောက်လဲ မဆိုးပါဘူးဗျ။

ဥက္ကာပျံ(ဘီလူးကျွန်း)

ဟင်းလင်းပြင်နဲ့ စကားပြောချိန်


ညဉ့်မျက်နှာကျက် ထောင့်တစ်နေရာက
"ရူး"ခနဲ့ ကြွေဆင်းသွားတဲ့ ကြယ်ပွားနဲ့ အတူ
ကျွန်တော့်အရိပ်ပါ ကြွေသက်ဆင်းသွားတယ်။
လှမ်းတားချိန်မရ ဆုတောင်းချိန်တောင်မရလိုက်ဘူး။

"အစ်ကိုမေးနေတဲ့ ဥက္ကာပျံ"
ပို့မော်ဒန် တစ်ပုဒ် အန်ထုတ်မိ ကတည်းက
ကျွန်တော့်ကလောင်ကို မေးရင် မဖြေ၀ံ့တော့ဘူး။
အထင်သေးတဲ့အကြည့် ရွံ့ရှာတဲ့မျက်လုံး ဟန်ဆောင်အပြုံး ရောင်နဲ့
လူပုံအလယ်ကြား ဆိုးဆေးမျက်တောင်ဖျားက
အလင်းတစ်ချက် အခတ်ခံလိုက်ရတယ်။

ကျွန်တော်နဲ့ လူစုံတက်စုံ မှတ်တမ်းပုံ
အရိုက်ခံဖို့ လူတွေကြားက လူတွေကို
ကျွန်တော် အားနာမိတယ်။
လျှပ်တပြက် အလင်းရောင်ကို မိုးလန့်တတ်သွားပြီးနောက်
ဖလက်စ်ဂန်းတို့ရဲ့ အနမ်းကို အတတ်နိုင်ဆုံး ရှောင်ပေးခဲ့ပါတယ်။

ကြယ်ကလေး........ရေ၊
မင့် ခုန် အဆင်းမှာများ
ငွေဝယ်ကျွန်သား ဂျော့ခ်ျဝါရှင်တန်ကာဗာ
ဖိနပ်ချုပ်သမား အေဗရာဟင် လင်ကွန်း တို့ကို
မြင်တွေ့မိခဲ့လား။
လူသားတို့တိုင်းမှာ မျိုးရိုးဗီဇနဲ့ လုပ်ရေးကိုင်စွမ်း
ဘယ်အရာတစ်ခုက လူပီသစေသလဲ..ဟင်။
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က
အဖိုးတန် ပစ္စည်းလေးပါ၊
လိုအပ်တဲ့ချိန်ခါ ခေါင်ရန်းပန်းလဲ တန်ရာတန်ကြေး ရှိပါရယ့်။

ကြယ်ကလေး....ရေ၊
"လမ်းဆုံးရင် ရွာတွေမယ်"တဲ့
ကျွန်တော်လမ်းဆုံးလို့ ရွာအ၀င်ရောက်တဲ့ တစ်ရက်
မင့်ရဲ့ ပညာမာနမျက်တောင်တစ်ချက်လောက်
ခပ်ရိုက်ပေးခဲ့ပါအုံး။
ခေါင်ရန်းပန်း ကိုင်ပြီး တစ်ယောက်တည်း
ပြုံးပြုံးလေး အရိုက်ခံချင်လို့။
အသက်တွေသာ မှန်မှန်ရှုရင် တဖြည်းဖြည်း နိမ့်ဆင်း ကြီးထွားလာတယ်။

ဥက္ကာပျံ(ဘီလူးကျွန်း) 3.1.10-12:59pm

အသီးတစ်ရာ အညှာတစ်ခု စာတမ်း


အနောက်ဘက်ကမ်းမှာ A, B,Oသွေး

ရဲရဲနီနီအသားရောင်မည်းမည်း.........

မြောက်ဘက်ကမ်းမှာ ပြာနှမ်းနှမ်း

မျက်လုံးအစုံA,B,Oသွေး.................။

အရှေ့ဘက်ကမ်းမှာ A.B.Oသွေး.

အသားရောင်က အဖြူ..အညို...။

တဂိုးက ဘင်္ဂလီ တော်စတွိုင်းက ရုရှား

ထူးမခြားနား ရှည်လျားလျား

မုတ်ဆိတ်မွေးထားတာချင်းအတူတူ

သွေးရောင်ချင်းက အနီရောင်။

ခပ်ရိုင်းရိုင်းလောကဓံကြားက အရိုးပြိုင်းနံကား

ဘုမသိဘမသိ လူသားငယ်ငယ်

အသိကမကြွယ်နိုင်သေး နေချင်လဲ နေ

မနေချင်လဲ နေနေကြရင်း

တောတန်းတောင်စွယ်အောက်

ဟန်ဆောင်ငြိမ်းချမ်းခြင်းကိုမာန်ပါပါ စာလုံးပေါင်းနေကြတယ်။

ရွာရိုးကိုးပေါက် ဖြတ်လျှောက်နေတဲ့

သဘာဝအမည်ခံ လေ ရေ မြေအောက်

ကိုယ်ခန္ဓာပျောက်နေကြတဲ့ ကိုယ်စောင့်နတ်တွေ

ဆူမာတြားမှာ အော်နေပြီး

ဧရာဝတီမှာ မျှော်နေပြီး...။

ဓါတ်မီးတိုင် မလုံလောက်သေးတဲ့EVERESTတောင် မြို့ကလဲ

နေလုံးကြီးကိုမျှော်နေတယ်။

ယင်လုံအိမ်သာကို ဖန်သားပြင်မှာမှမြင်ရတဲ့ အရပ်ကလဲ

နေလုံးကြီးကိုမျှော်နေတယ်။

၂၄နာရီ မီးရောင်စုံအောက် ရှင်သန်နေထိုင်နေရသေးတဲ့နော်ဝေးမြို့ကြီးကလဲ

နေလုံးကြီးကိုမျှော်နေတယ်။

အနောက်ဘက်ကမ်းက ယုံကြည်မှုနဲ့ကိုးကွယ်နေတဲ့ဘာသာ

အရှေ့ဖက်ခြမ်းက ရိုးရိုးကျိုးကိုးကွယ် ရွတ်ဖတ်နေတဲ့ ဒေဿနာ

အာလုံးသော အရာရာကစိတ်နဲ့သွားတဲ့ ကိုယ်ခန္ဓာချည်း။

မနှစ်ကဒီလို ဒီနှစ်လဲ မထူးခြား

မြင်နေရပါရယ့် အရောင်စုံလူစုံကြားက

မီးပေါက်ပန်း တပွားပွား.

မီးပေါက်ပန်းမှ မီးပေါက်ပန်းအစစ်။

သက္ကရာဇ်အဟောင်းတွေနဲ့ ကျွန်တော်

ကမ္ဘာ့အပြင်ဘက် ထွက်ရပ်ကြည့်လိုက်တယ်။

ဗုဒ္ဓေါ.............................

ဂြိလ်ပြာကြီးက 23½ ဒီဂရီကပ်ပြီး တိမ်းစောင်းနေတာကလွဲလို့

တို့တွေနေရာက တစ်လုံးတည်းသော ဂြိလ်ကြီးပေါ်မှာပါပဲလား။


ဥက္ကာပျံ(ဘီလူးကျွန်း)

မြသန်းတင့် ..စာရေးခြင်း အတတ်ပညာ

ထူးဆွေအောင်....မြင့်မိုရ်တောင်ထိပ်မှ သဲပွင့်ကလေးများ

HtooSweAung_Myinmo

ချစ်ဦးညို - လောကဓံ နှင့် လမ်းလျှောက် အတူ ထွက်ခြင်း

ဒွိဟ


သစ္စာကတိ အသိတစ်ခုနဲ့
ထိန်းချုပ်ယူခဲ့တာ ၈နှစ်ကြာ စွန်းရောပေါ့
သက်တောင့်သက်သာ မရှိခဲ့ရဘူး၊
ဟူး.....ဖြေလျှော့လိုက်ပြီး
ဖြေလျှော့ချလိုက်တာထက် အဖြေလျှော့ခံလိုက်ရတာ။

အရောင်အလင်း နှစ်သက်ခြင်းတစ်ခုတည်းနဲ့
မျက်စုံပိတ် အရာရာကို အိတ်သွန်ဖာမှောက်
ဒေါက်ဖြုတ်ချထားလိုက်တယ်။
မျက်နှာပြောင် တိုက်လွန်းတယ်။လေထဲမှာ အရောင်မရှိဘူး။

လူ့ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်၊
အာရုံနိမိတ်ကြားမှာ လူတစ်ယောက် ဖျတ်ခနဲ့ ပျက်သုဉ်းသွားနိုင်သလို
စိတ်ဓာတ်ပျက်စီးရင်ကော စိတ်ရောခန္ဓာ
အသွေးသားပါ အကုန်လုံး ဆုံးရှုံး ပျက်ဆီးတာပါပဲ
ကြိုတင် သိရှိနားလည် ထားလျက်နဲ့ စွန့်စွန့်စားစား
အဓိဂမ(မရခဲ့ဘဲနဲ့ရတယ်လို့ အထင်ရှိခြင်း)မှာ
စုံဆန် မျောပါတုန်းရယ်။

ထပ်တူတပ်မျှ မတူညီကြတဲ့ အပေါင်းအနှုတ် အဖိုအမ
ထိုအရာနှစ်ခုက တစ်ခုနဲ့တစ်ခု ကွဲပြားခြားနားခြင်းမရှိ
ထပ်တူထပ်မျှ တူညီကြတယ်ဆိုရင်ပေါ့
ဒီအရာကနှစ်ခု မဟုတ်တော့ တစ်ခုတည်းတာ ဖြစ်ရမယ်ဆိုပဲ။

အနေဝေးဝေး အဝေးမှာနေကြရတဲ့ သူတွေဖို့
ချစ်ခြင်းတစ်စုံကို ပုံအပ် တစ်ဖက်သတ်ကြီး
ဆုပ်ကိုင်ယုယ ထားကြတာ
အမှားဆိုတဲ့ ပူလောင်မှု ပျက်ယွင်းရမှုအလွမ်းကို
မွေးဖွားသန့်စင်ထားကြတာနဲ့ တူတယ်။

ခင်ပွန်းကြီး၁၀ပါးမှ အပ လောကကြီးမှာ
မိမိကိုယ်မိမိ လိမ်ညာပြစ်မှား နေကြတာက
အဆိုးဆုံးအမှု ပြုလုပ်ခြင်းလို့ ထင်မိတယ်၊
မကောင်းတာကို မကောင်းမြင်မှ အမှန်ပေါ်လွင်၏တဲ့။

မကောင်းမှုကို သိလျက် လုပ်တဲ့သူ
မသိလျက်ပြုမိသူ ဘယ်သူက ပိုဆိုးလဲ
တစ်လွဲမတွေးနဲ့ ခပ်ငယ်ငယ် အရွယ်ကလေး
မီးခဲရဲရဲကို ရလိုမှုတစ်ခုတည်းနဲ့
ခပ်မြဲမြဲ ဆုပ်ကိုင်ယူလိုက်တယ်၊
အာာားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

အသိကြွယ်ပြီး လူရွယ်တစ်ယောက်
ရွံ့ကြောက်ကြောက်ပေမယ့်ကို ရယူလိုမှုတစ်ခုတည်းနဲ့ပဲ
လက်ပြောင်းလက်လွဲ ခပ်ဖွဖွလေး လှမ်းကိုင်ယူလိုက်တယ်၊
ကျွတ်.ကျွတ်.ကျွတ်......................၊
ပူတော့ပူတယ်....ဒါပေမယ့် ဖွဖွလေး။

အပေးနဲ့အယူ အယူက နောက်ကဆက်တဲ့
စကားစု အပေးက ဗွေဆောဦး
ဟူး.....ဖြေလျှော့လိုက်ပြီး
ဖြေလျှော့ချလိုက်တာထက် အဖြေလျှော့ခံလိုက်ရတာ။

ဥက္ကာပျံ(ဘီလူးကျွန်း)

အလေ့အကျင့် မှ အလေ့အထ


Harp Guitar - The best video clips are here

One Rebuplic (တောင်းပန်ခြင်း)

A NATION'S STRENGTH




What makes a nation's pillars high
And it's foundations strong?
What makes it mighty to defy
The foes that round it throng?

It is not gold. Its kingdoms grand
Go down in battle shock;
It's shafts are laid on sinking sand,
Not on abiding rock.

Is it the sword? Ask the red dust
Of empires passes away;
The blood has turned their stones to rust.
Their glory to decay.

And is it pride? Ah, that bright crown
Has seemed to nations sweet;
But God has struck its luster down
In ashes at his feet.

Not gold but only men can make
A people great and strong;
Men who for truth and honor's sake
Stand fast and suffer long.

Brave men who work while others sleep,
Who dare while others fly...
They build a nation's pillars deep
And lift them to the sky.

မွန်ရဟန်းမြတ် တစ်ပါး

ရာဇာဓိရာဇ်(၇၄၅..၇၈၂....ဟံသာဝတီပြည့်ရှင်)


မဂဒူး မင်းဆက်မှ (၉) ဆက်မြောက်မင်း ဖြစ်သည့် ရာဇာဓိရာဇ် သည်
မြန်မာသက္ကရာဇ် ၇၄၅ မှ ၇၈၂ ထိ ဟံသာဝတီ(ပဲခူး)ကိုဗဟိုပြုကာ
မွန်သုံးရပ်(ခေါ်) ရာမညဒေသ (ယနေ့အောက်မြန်မာပြည်ဒေသ)ကို အုပ်စိုးခဲ့သည့်
လက်ရုံးရည်နှလုံးရည်နှင့် အလွန်ထင်ရှားသော မွန်ဘုရင်တစ်ပါးဖြစ်သည်။
ဖခမည်းတော်မှာ ဗညားဦး ဖြစ်သည်။

ရာဇာဓိရာဇ်သည် သူရဲကောင်းများကို တန်းတူရည်တူဆက်ဆံကာ
ချစ်မြတ်နိုးသော စစ်ဘုရင်တစ်ပါးလည်းဖြစ်သည်။
ရာဇာဓိရာဇ် လက်ထက်တွင်ထင်ရှားသော မွန်သူရဲကောင်းမြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။
ဘုရင့်နောင်လက်ထက်မွန်ဝန်ကြီးဗညားဒလရေးသားခဲ့သော
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း၊

ဒေါက်တာနိုင်ပန်းလှ ရေးသည့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း
ထင်ရှားသော ကျမ်းများဖြစ်သည်။

အင်းဝ-ဟံသာဝတီအနှစ်လေးဆယ်စစ်၏အထိကရစစ်ဘုရင်တစ်ပါးဟုဆိုလျင်လည်းမမှားပေ။
ငယ်စဉ်ကလေးဘ၀မှစ၍နတ်ရွာစံကံတော်ကုန်သည့်အချိန်ထိစစ်ပွဲ၊တိုက်ပွဲများနှင့် မကင်းခဲ့ချေ။
ရာဇာဓိရာဇ်သည် အလွန်ဘုန်းတန်ခိုးကြီးသော မင်းဖြစ်သည်။
ဗေဒင်ယတြာ၊ အင်းအိုင်လက်ဖွဲ့တို့ကို အလွန်ဝါသနာထုံပြီး စစ်ချီလေတိုင်း
ထိုအစီအရင်တို့ကို သုံးစွဲကာ
တပ်သားသူရဲတို့ စိတ်ဓါတ်တက်ကြွစေရန် ပြုလေ့ရှိသည်။
ဟံသာမင်း၊ဗညားသစ်တသုံ၊သီဟရာဇာမင်းအစရှိသဖြင့်လည်း သမိုင်းများတွင်ဆိုကြသည်။
ရွှေတိဂုံစေတီတော် မွန်ကျောက်စာတွင် သုတသောမရာဇာဓိရာတ် ဟုဖော်ပြထားသည်။
အသက် ၁၆ နှစ်အရွယ်မှစ ကာ ဟံသာဝတီထီးနန်းကို စိုးစံပြီး
ခမည်းတော်ဗညားဦး လက်ထက်က အစပြုသည့်ပုန်ကန်မှုများကို
နှိမ်နှင်းအောင်မြင်သည်။
နောင်သမိုင်းတွင်သည့် အင်းဝဟံသာဝတီ် အနှစ်၄၀ စစ်ကိုခင်းသည်။

ထင်ရှားသည့်မှူးမတ်များမှာ မင်းကံစီ၊သမိန်ဗြာဇ္ဇ၊အမတ်ဒိန်၊အဲမွန်ဒယာ၊အဲကောင်ဗိန်၊
စောလဂွန်းအိန်(မသံလုံ)၊ ဥပါကောင်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်)၊
သမိန်ဗရမ်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်၊ အင်းဝသို့အဖမ်းခံရပြီး.တရုတ်သူရဲကောင်းဂါမဏိနှင့်
စီးချင်းထိုးကာအနိုင်ရသူ)၊
နောင်တွင်ဟံသာဝတီသို့ပြန်လာ။)
သမိန်အ၀နံနိုင်(သမိန်အင်းဝမင်းကြီး၊သမိန်အ၀နိုင်ဟုလည်းဆိုကြသည်။)၊
သမိန်ရဲသင်ရံ၊မသန်း(ရဟန်းလူထွက်ဖြစ်၊လဂွန်းအိန်သေပြီးနောက် ထွက်ပေါ်လာသည့် လူစွမ်းကောင်း။)
တို့ ဖြစ်ကြသည်။

်
myanmar wikipedia မှ

ခင်ပွန်းကြီး(၁၀)ပါး ကန်တော့ပန်ခြင်း


ခင်ပွန်းကြီး (၁၀) ပါး

၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဒါ
၃။ ရဟန္တာ
၎။ အဂ္ဂသာဝက
၅။ မိခင်
၆။ ဖခင်
၇။ ပညာသင်ဆရာ
၈။ လောကနီတိ ပညာသင်ဆရာ (သီလဂုဏ်၊ သမာဓီဂုဏ်၊ပညာဂုဏ် တို့ရှိကြကုန်သော ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်)
၉။ ဓမ္မကထိက (ဓမ္မရေးရာသင်)ဆရာ
၁၀။ ကျေးဇူးပြု အကူအညီပေးဖူးသူ( မိမိ အပေါ် အကူအညီ အထောက်အပံ့ ပေးကမ်းချီးမြင့်ဖူးသောကျေးဇူးရှင်)

ခင်ပွန်းကြီး (၁၀)ပါး ဘုရားရရှိခိုး

ဗုဒ္ဒေါ ပစ္စေကဗုဒ္ဒါ စ၊
အရဟာ အဂ္ဂသာဝကာ
မာတာပိတု ဂုရု သတ္ထာ
ဓမ္မဒေသကာ စ ဒါယကာ
က္ကုမေ ဒသ မဟာရုဏေ
အဟံ သန္ဒာမိ သဗ္ဒဒါ

ဗုဒ္ဒါ စ ၊ သစ္စာလေးပါး တရားသီမြင် ဘုရား ရှင်ကိုယ်တော်မြတ်ကြီးတို့ သည် လည်းကောင်း။
ပစ္စေကဗုဒ္ဒါ စ ၊ ကိုယ်တိုင်သစ္စာ သိပြီးပါလည်း ဟောကာမပြ သီးခြားရသော ပစ္စေကဗုဒ္ဒါ တို့ သည် လည်းကောင်း။
အရဟာ စ ၊ အာသဝေါကုန်ခန်း ရဟန္တာ အရှင်လည်းကောင်း၊
အဂ္ဂ သာဝကာ စ ၊ လက်ဝဲ လက်ယာ ခြံရံကာ ဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့ လည်းကောင်း။
မာတာ စ၊ ကိုးလလွယ် ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့်မိခင် ကျေးဇူးရှင်လည်းကောင်း ၊
ပိတု စ ၊ လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့် ဖခင် ကျေးဇူးရှင်လည်းကောင်း ။
ဂုရု စ ၊ ချမ်းသားရန်တွေး ပညာပေးသဖြင့် အလေးအမြတ် ပြုအပ်သော ဆရာလည်းကောင်း။
သတ္တာ စ ၊ လိမ္မာစေကြ ကျိုးကြောင်း ပြလျှက် ဆုံးမပေးတတ် ဆရာမြတ်လည်းကောင်း။
ဓမ္မ ဒေသကာ စ၊ သံသရာစခန်း သွားရာလမ်း ၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော် မြတ်သူတော်လည်းကောင်း ။
ဒါယကာ စ ၊ စားရေး နေရေး မနှောင့်နှေးရအောင် ပေးကမ်း တတ်သောတို့ လည်းကောင်း ။
က္ကုမေ ဒသ မဟာဂုဏေ ၊ ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူး ဤ ဆယ်ဦး သော သူတို့ကို
အဟံ အကျွနုပ်သည် ၊ ၀န္ဒာမိ ၊ ကျေးဇူးယှက်မြှေး စိမ့်စိမ့် တွေးလျက် မြတ်လေးကြည်ယုံ သဓ္ဒါ ဟုန်ဖြင့်
လက်စုံချီမိုး ပျပ်ဝပ်လျှိုး ၍ ရှိခိုးပါ၏ အရှင်ဘုရား။

ခင်ပွန်းကြီး(၁၀) ပါးအား ပူဇော်ခြင်း အကျိုး (၁၀)ပါး၊

၁။ အစားအစာ မရှားပါခြင်း။
၂။ ရောက်ရာ အရပ်၌ လေးစားပူဇော်ခံရခြင်း။
၃။ ရန်သူမျိုါ်ငါးပါးနဲ့ ကင်းဝေးနိုင်ခြင်း။
၎။ လူချစ်လူခင်ပေါများခြင်း။
၅။ ပရိတ်သတ်အလပ်၌ တင့်တယ်စွာနေနိုင်ခြင်း။
၆။ ကောင်းသတင်းဂုဏ် ကျော်ဇောခြင်း။
၇။ အခြွေအရံများခြင်း။
၈။ စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း။
၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း။
၁၀။ သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း။

ခင်ပွန်းကြီး(၁၀)ပါးအား ပြစ်မှားသူတို့ ကြုံရမည့် ဒဏ် (၁၀)ပါး

၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာ ဖြစ်ခြင်း
၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း။
၃။ လက်ခြေပြတ်ခြင်း ကိုယ်အင်္ဂါ ပျက်စီးခြင်း။
၎။ ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါ များဖြစ်ခြင်း။
၅။ ရူးသွပ်ခြင်း စိတ်မတည်မငြိမ်ဖြစ်ခြင်း။
၆။ မင်းပြစ် မင်းဒဏ် ခံရခြင်း။
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း။
၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း။
၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
၁၀။ နေရာ၊ တိုက်၊ အိမ် မီးလောင် ပျက်စီးခြင်း။
( ပစ္စုတ်ပန်ဘ၀၌ ထိုဒဏ် (၁၀)ပါး သင့်မည့် အပြင် သေလွန်
သော အခါ၌ လည်း အပါယ် ငရဲ သို့ ကျရောက်နိုင်ပါသည်။)

ပညာ့ အလင်းပြ စာအုပ်မှ ကူးယူဖော်ပြပါသည်။

အရည်..ကူးခြင်း




ရင်ဘတ်ချင်း နီးအောင် ဆွဲစိလိုက်ရတာ
အင်္ကျီကျွတ်တဲ့ သစ်ပင်တွေလိုပဲ..
ခဏကြွေကျတော့ မီးခိုးတအူအူ
အငွေ့တထောင်းထောင်း အနံ့တသင်းသင်းနဲ့ပေါ့။
ဘီလူးကျွန်းက ကောင်လေး ဝေသာလီ ရောက်သွားပြီး.
ကျမ်းပြုစုသူရဲ့ လမ်းကြိတ်စက်သံလိုပဲ
စကားလုံးတွေက သဲဖြူးထားလို့ မွတ်....
ဟော.......................
မော်ဒန်..ခေတ်ပြိုင်....ပို့မော်ဒန်
သုံးသပ်ဝေဖန်ရေးက မိုးရွာ
လူကြီးတွေ ပြန်ကုန်ပြီ်း
လမ်းမကြီးက ဒီအတိုင်းပါပဲ
လွင်မိုးမျက်နှာနဲ့ကောင်လေးက
ရုတ်တရက် ဥသြပြေးဆွဲတယ်။
ကျွန်တော်တို့တွေ...
ကျွန်တော်တို့တွေ..
ကုတင်ပေါ်ကနေ တာ့တာပြရင်း
နေမင်းကြီးက ပျို့တက်နေပြီး။။

ပြည်တော်ပြန် သွားပြီးတဲ့ကာတွန်းကျောက်ဆူး ကို အမှတ်ရလျှက်..

ဥက္ကာပျံ(ဘီလူးကျွန်း)

computer စွန့်ဦးတီထွင်သူ ဘီလ်ဂိတ်(BILL GATE)ပြောတဲ့ ဘ၀(၁၁)ခု


ဘီလ်ကိတ်ပြောတဲ့ ဘဝ(၁၁)ခုဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်ကဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်းဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။
ဒါကြောင့်ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့။
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
့ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။
ဒါကြောင့်ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။
ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။
တကယ့်ဘဝက လူတိုင်းကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲကတစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

အစ်ကိုမေးနေတဲ့... ဥက္ကာပျံ


အစ်ကိုသိတဲ့ ကျွန်တော်......

လည်ပတ်မြဲရာသီ သိဟ်ရာသီဝါဆိုမိုးပြင်းနဲ့အတူ

ဂြိလ်ပြာကြီးရဲ့ဆွဲငင်မှုကို လိုလိုက်သင့်ခံယူရင်း

ကျွန်းလေးအတွင်း ကျွန်တော်သက်ဆင်းခဲ့တယ်။

ဘော်လုံးအသင်းဝက်စာ ဘော်လီဘောတစ်သင်းစာ

မိသားစုမှာ ရယူခဲ့မြဲနေရာက

စာမေးပွဲတိုင်းစိုးမိုးခံခဲ့ရတဲ့ ကိန်းဂဏန်းလို

အစ်ကိုသိတဲ့ သူက မပြောင်းတမ်း တတိယလူ။


အစ်ကိုသိတဲ့ ကျွန်တော်.....

အဆောင်.ချဉ်ပေါင်ကြော်.ငါးခြောက်ထောင်းကြော်

လူပေါ်လူကျော်ကြတဲ့ တက္ကသိုလ်လမ်းဟောင်း

ချောင်းမပေါက်ခင် Y2K ဗိုင်းရပ်တို့ခေါ်ပြီး

နယ်မြေတစ်ခုဆီ ဖြတ်ကျော်လာတာ H1N1မြူးကြွနေတဲ့

ဒီသက္ကရာဇ်လှလှအထိပေါ့။


ဗျာ!.................

အသည်းကဗျာမနောက်ပါနဲ့ ဦးလေးရာ

နော့ပေတဲ့..ကညာလေးနဲ့ တွဲလျှောက်တာမြင်မိလို့လား။?

ချစ်စရာမဒီမှ မရှိတာ အချစ်ကဗျာ

တစ်ကိုယ်တည်း ဘယ်လိုဆိုငြီးနိုင်ရပါ့ဗျာ။

အတွေးစိတ်ကူးနဲ့ ပုံဖော်ရမယ့်ကဗျာ

အသက်မပါနိုင်ပေဘု။


အစ်ကိုသိတဲ့ ကျွန်တော်....

စာမတတ်ရင် သင်ပေးလို့ရတယ်

ရုပ်မလှရင် ပြင်မရ

များမကြားက ပျက်သုဉ်းသွားတဲ့ ဘဏ်သဋ္ဌေးစကား

နိုင်ငံသားကတ် ကိုင်ပြစရာမလို

ရုပ်ကြည့်ရင်ပဲ ငနဲက ဘီလူးကျွန်းသားမှန်း ယုံ၏တဲ့။

နူနာအမျိုးစားမှာ ၀က်ခြံလဲ အဖွဲ့ဝင်ပါရဲ့

ကျွန်တော့်မျက်နှာပြင်က လကမ္ဘာအသွင်ဆောင်ထားတဲ့

အရေပြားဝေဒနာသည်။


ဟော...........

ဟိုဓါတ်တိုင်ထိပ်က ငှက်နှစ်ကောင်

ဒီကန်ဘောင်ပေါ်ကျ ထီးတစ်ချောင်း နှစ်ယောက်အတူဆောင်းလို့။

အစ်ကိုသိတဲ့ ကျွန်တော်....

ကိုယ့်ဘ၀ကိုယ် ထိန်းကျောင်းရင်း

မိုးစိုမျက်လုံးနဲ့ တစ်စုံတစ်ယောက် ဆောင်းနဲ့အတူ လျှောက်လာလေမလား။

အစ်ကိုသိတဲ့ ကျွန်တော်....

ဒီမိုးပြင်းအောက် ကိုယ်ပိုင်ခေါက်ထီးလေးကို

ပြန်ခေါက်သိမ်းရင်း ဆောင်းလယ်အိပ်မက် မက်နေရယ့်။
ဥက္ကာပျံ(ဘီလူးကျွန်း)

မင်းဒင်

ThetKhineofMinDin Vol 1